Videos
တရုတ်အမျိုးသမီးအာကာသယာဉ်မှူးက အာကာသမှ နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ဆုမွန်ကောင်းစကားပြောကြား
ဂျနီဗာ၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဒုတိယမြောက်အမျိုးသမီး အာကာသယာဉ်မှူးတစ်ဦးဖြစ်သူ လက်ရှိတွင် တရုတ်နိုင်ငံမှတည်ဆောက်နေ သည့်အာကာသစခန်းတွင် ၆ လကြာတာဝန်ထမ်းဆောင်လျက်ရှိသည့် အမျိုးသမီးအာကာသယာဉ်မှူး Wang Yaping က မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အမျိုးသမီးများနေ့ အခါသမယအတွက် နှုတ်ခွန်းဆက်ရုပ်သံဖိုင်တစ်ခုကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင်ရှိသည့် ကုလသမဂ္ဂ ရုံးသို့ မကြာသေးမီက ပေးပို့ခဲ့သည်။
“အာကာသ စိတ်ကူးအိပ်မက်ရှိ ကြတဲ့ မိန်းကလေးတွေအားလုံးကိုလည်း ကြယ်ပင်လယ်တွေဆီအရောက်လှမ်းချင်တဲ့ ရှင်တို့ရဲ့ ရည်မှန်းချက်တွေကိုဆက်လက် ထိန်းသိမ်းထားကြဖို့မျှော်လင့်ပါတယ်၊ တစ်နေ့နေ့မှာ ရှင်တို့တွေ မသိနိုင်ခင်မှာပဲ ရှင်တို့ကြည့်လိုက်တဲ့အချိန်မှာ ရှင်တို့ရဲ့စိတ်ကူးအိပ်မက်ကိုပိုင်ဆိုင်ပြီးဖြစ်တယ်ဆိုတာကိုမြင်တွေ့ရမှာပါ” ဟု ဝမ်က ဆိုသည်။
အာကာသသည် ၎င်းထံသို့အမျိုးသမီးများရောက်ရှိလာရုံဖြင့် ၎င်း၏ ပတ်ဝန်းကျင်အနေအထား (သို့မဟုတ်) လက်ခံနိုင်မှုပမာဏကို ကိုမည်သည့်အခါမှ ပြောင်းလဲလျှော့ချပစ်မည် မဟုတ်ကြောင်း နှင့် လုံလောက်သည့် လေကြောင်းပျံသန်းမှုအချက်အလက်များအရ လုပ်ငန်းခွင်အတွင်း လိင်ကွဲပြားမှုကြောင့်လုပ်ငန်း လုပ်ဆောင်နိုင်မှု စွမ်းရည် သိသာစွာပြောင်းလဲမှုမရှိကြောင်း သူ(မ) က ဆိုသည်။
အမျိုးသမီးများလည်း အမျိုးသားအာကာသယာဉ်မှူးများနှင့် တူညီသော လေ့ကျင့်မှုများ၊ စစ်ဆေးမှုများအား အဆင့်အတန်းမြင့်မားစွာအောင်မြင် ပြီးမြောက်နိုင်ကြောင်း၊ အမျိုးသမီးများ၏ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဝိသေသ လက္ခဏာအများစု သည် အာကာသအတွင်း အမျိုးသားအာကာသယာဉ်မှူးများအားအထောက်အပံ့ ကောင်းပေးနိုင်သည့်အားသာချက်ရှိကြောင်း သူ(မ) က ဆိုသည်။
“ နောက်ထပ် လူလိုက်ပါစေလွှတ်တဲ့အာကာသခရီးစဉ်တွေမှာလည်းအမျိုးသမီးတွေ အခုထက်ပိုမို ပါဝင်လာနိုင်ကြောင်း၊ ဒါဟာ အနာဂတ်မှာ လူသားတို့လုပ်ဆောင်နေတဲ့ ပမာဏကြီးမားပြီး ကာလရှည်ကြာတဲ့ အာကာသအတွင်းစူးစမ်းလေ့လာရေးကဏ္ဍအတွက် သိပ်ကိုအရေးကြီးတဲ့အကျိုးသက်ရောက်မှု ဖြစ်လာနိုင်ပါကြောင်း” သူ(မ) ကဆိုသည်။
“အမျိုးသမီးတို့ရှင် ကျွန်မတို့ရဲ့ လူမျိုးတွေ၊ မျိုးနွယ်စုတွေနဲ့ အလုပ်အကိုင်တွေဟာ ကွဲပြားခြားနားနေပေမဲ့လို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့အမျိုးသမီးထုကြီးဟာ ကမ္ဘာကြီး မှာ ပိုမိုစွမ်းအင်ပြည့်ဝစေဖို့၊ ပိုမို သဟဇာတရှိစေဖို့နဲ့ ပိုမိုနွေးထွေးစေဖို့ မိမိတို့ရဲ့ ကိုယ်ပိုင်စွမ်းပကားတွေနဲ့လုပ်ဆောင်နေကြသူများဖြစ်ပါတယ်” ဟုဆိုသည်။
“ ကျွန်မဟာ အခုလိုပြောခွင့်ရတဲ့အခွင့်အရေးကိုအသုံးချပြီး အမျိုးသမီးတိုင်းကို သူတို့ရဲ့ ကိုယ်ကျိုးမဖက်တဲ့ ရင်းနှီးမြှုပ်နှံပေးမှုတွေအပေါ် ကျေးဇူးတင်စကားဆိုချင်ပါတယ် ၊ နောက်ပြီး အမျိုးသမီးတိုင်းကို လည်း သူတို့ရဲ့ဘဝတွေနဲ့ အသက်မွေးဝမ်းကြောင်းအတွက် ကြယ်ရောင်စုံတောက်ပတဲ့ကောင်းကင်မှာ အတောက်ပဆုံးကြယ်တွေကို ရွေးချယ်နိုင်ကြစေဖို့ဆုတောင်းပေးလိုပါတယ်” ဟု ဝမ်ကဆိုသည်။
ဝမ်နှင့်အခြားအာကာသယာဉ်မှူးနှစ်ဦးတို့သည် Shenzhou-13 အာကာသယာဉ် နှင့်လိုက်ပါပြီး ၂၀၂၁ ခုနှစ်အောက်တိုဘာလ ၁၆ ရက်တွင် တရုတ် အာကာသစခန်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ယင်းတို့သည်အာကာသအတွင်း ၆ လကြာတာဝန်များကိုထမ်းဆောင်မည်ဖြစ်ကြောင်းသိရသည်။
အာကာသယာဉ်မှူး ၃ ဦးသည် ဂြိုဟ်ပတ်လမ်းအတွင်းရောက်ရှိနေသည်မှာ ရက်ပေါင်း ၁၃၀ ကျော်ရှိပြီဖြစ်သောကြောင့် ဝမ်အနေဖြင့် အာကာသအတွင်းအချိန်အကြာဆုံးနေထိုင်သည့် တရုတ်အာကာသယာဉ်မှူးတစ်ဦးအဖြစ်စံချိန်ချိုးနိုင်ခဲ့သည်။
တစ်ချိန်က ဆရာမတစ်ဦးဖြစ်ချင်ခဲ့သည့် ဝမ်သည် သူ(မ) ၏ စိတ်ကူးအိပ်မက်အားအကောင်အထည်ဖော်သည့် အနေဖြင့် သူ(မ)၏ ပထမဆုံး အာကာသခရီးစဉ်အဖြစ်လိုက်ပါခဲ့သည့် ၂၀၁၃ ခုနှစ်ဇွန်လ ၂၀ ရက်တွင် shenzhou-10 အာကာသယာဉ်ပေါ်မှ မိနစ် ၄၀ ကြာ အာကာသသင်ခန်းစာ ကို တိုက်ရိုက်ပို့ချခဲ့သည်။ ၎င်းမှာ တရုတ်နိုင်ငံ၏ ပထမဆုံးအာကာသမှ သင်ကြားပို့ချရေးအစီအစဉ် ဖြစ်လာခဲ့ပြီး ထိုအစီအစဉ်သို့ နိုင်ငံတစ်ဝန်းမှ ကျောင်းသားကလေးငယ်ပေါင်း သန်း ၆၀ ကျော် တက်ရောက်ခဲ့ကြ ကြောင်းသိရသည်။
“ ကျွန်မက ကျွန်မသမီးအပါအဝင် screen မျက်နှာပြင်ရှေ့ကနေ ချစ်စရာကလေးလေးတွေ ကို အာကာသ အကြောင်း သင်ကြားပေးရတဲ့ဆရာမ လုပ်ရတာနှစ်သက်ပါတယ်” ဟု ဝမ်က ရုပ်သံမက်ဆေ့ထဲတွင်ထည့်သွင်းပြောကြားခဲ့သည်။
နောက်ထပ် ၈ နှစ်အကြာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်တွင် တရုတ်နိုင်ငံ၏ အာကာသစခန်းရှိ အာကာသ သင်ကြားရေးအခန်းမှ နောက်ထပ်တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုကိုသူ(မ) အနေဖြင့် လုပ်ဆောင်နိုင်ခဲ့ကြောင်းသိရသည်။(Xinhua)
………………….
(English Version)
GLOBALink | China’s female astronaut sends Int’l Women’s Day greetings from space
GENEVA, March 8 (Xinhua) — Wang Yaping, China’s second female astronaut who is now on a six-month mission onboard the country’s Space Station, has recently recorded a video message for the United Nations (UN) office in Geneva, Switzerland, sending her greetings to women around the world on the occasion of International Women’s Day on March 8.
“I hope all girls with space dreams guard your vision of going to the sea of stars. One day, before you know it, when you look up, you will see that your dream is already within reach,” Wang said.
She said that space has never changed its environment or lowered its threshold because of the arrival of women, and that ample flight data show that there are no significant differences in the ability of the sexes to adapt and work in space.
Women “can all complete the same training and assessment as male astronauts at a high standard. And many physical and psychological characteristics of women can play an advantage in space, being complementary to male astronauts,” she said.
“It is conceivable that more and more women will participate in manned spaceflight missions. It will have a very important impact on the large-scale and long-term human exploration of space in the future,” she said.
“Ladies, although our nationalities, ethnicities and occupations are different, women all over the world are making the world more vibrant and more harmonious and warmer through their own efforts,” she said.
“I would like to take this opportunity to thank every female for their selfless dedication, I also wish every female would pick the brightest stars for the lives and careers we love in our own starry sky.”
Wang and two other astronauts went into space onboard the Shenzhou-13 spaceship and entered the space station on Oct. 16, 2021, embarking on the six-month space mission.
The trio has been in orbit for more than 130 days, with Wang setting a record for the most days in space by a Chinese astronaut.
In her first space mission, Wang, who once dreamed of being a teacher, delivered a 40-minute open class, China’s first live space lecture, in the Shenzhou-10 spaceship on June 20, 2013, to over 60 million schoolchildren nationwide.
“I love to be a space teacher, facing the lovely children in front of the screen, including my daughter,” Wang said in the video message.
Eight years later, she delivered another live space lecture in China’s space station on Dec. 9, 2021.
Produced by Xinhua Global Service