Connect with us

Videos

တရုတ်-ကာဂျစ်စတန် နှစ်နိုင်ငံကြား အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန်သဘောတူ

ဘစ်ရှ်ခက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန် နှင့် ကာဂျစ်စတန်နိုင်ငံဝန်ကြီးချုပ် Sooronbay Jeenbekov တို့သည် နိုဝင်ဘာလ ၂ ရက်က ကာဂျစ်စတန်နိုင်ငံ၌ တွေ့ဆုံစဉ် တရုတ်-ကာဂျစ်စတန် နှစ်နိုင်ငံအကြား ဘက်ပေါင်းစုံတွင် အနာဂတ်ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့် လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံဝန်ကြီးချုပ်လီခဲ့ချန်သည် အာရှတိုက် အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ဂာာဂျစ်စတန်နိုင်ငံ ဘစ်ရှ်ခက် (Bishkek ) မြို့သို့တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိနေပြီး ၎င်းမြို့၌ ကျင်းပမည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့(SCO) ၏ ၁၅ ကြိမ်မြောက် ဝန်ကြီးချုပ်များဆွေးနွေးပွဲကို တက်ရောက်ရန် ရှိနေသည်။

တရုတ် နှင့် ကာဂျစ်စတန် နှစ်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများဖြစ်သလို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးနိုင်ငံများဖြစ်ကြောင်း ၊ နှစ်နိုင်ငံအစိုးရအကြား နိုင်ငံရေးအရ အပြည့်အဝယုံကြည်မှုရှိကြောင်း ၊ အဆင့်မြင့်အရာရှိများအကြား အနီးကပ်ဆက်ဆံမှုရှိကြောင်း ၊ ဖွံ့ဖြိုးတိုးတက်မှုလျင်မြန်စေရန် ပူးပေါင်းဆောင်ရွက်မှု နှင့် နှစ်နိုင်ငံပြည်သူများအကြား တက်ကြွစွာအပြန်အလှန်ဖလှယ်မှုများ ရှိကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် လီခဲ့ချန်က ကာဂျစ်စတန်ဝန်ကြီးချုပ် နှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.