Connect with us

Videos

တရုတ် နိုင်ငံ စစ်သင်္ဘောများ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ် ရောက်ရှိ

ရန်ကုန် ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ရေတပ်၏ စီစဉ်ဆောင်ရွက်မှုဖြင့် တရုတ် ရေတပ် အမှတ်စဉ် ၂၃ ရေယာဉ် ကာကွယ်ရေး တပ်ဖွဲ့မှ XiangTan နှင့် ZhouShan စစ်သင်္ဘောများသည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေး အလည်အပတ် ခရီးစဉ် အဖြစ် ယနေ့စက်တင်ဘာလ ၃၀ ရက်တွင် ရန်ကုန်မြို့သီလဝါ ဆိပ်ကမ်းသို့ရောက်ရှိလာခဲ့သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ စစ်ဘက်ဆိုင်ရာ မဟာဗျူဟာ ချိတ်ဆက်ခြင်း ၊ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့် အကောင်အထည်ဖော်ခြင်း ၊ တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာ မိတ်ဆွေ ပူးပေါင်း ဆောင်ရွက်မှုကို ပိုမို ပြည့်စုံစေရန် ရည်ရွယ်ပြီးယခုကဲ့သို့လာရောက်ခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့ ရောက်ရှိလာချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာဟုန်လျန် ၊ စစ်သံမှူး ဝမ်ကျင့်ပေါ နှင့် တပ်မတော်(ရေ)ဘက်မှ ရေတပ် သဘောၤကျင်း ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ် မြင့်ဦး ၊ ရေတပ် လေကျင့်ရေး ဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လှိုင် အပါအဝင် သက်ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.