Connect with us

Videos

တရုတ် နိုင်ငံ အစိုးရ ၏ အကူအညီ ဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) အား ပြုပြင်မွမ်းမံ သည့် စီမံကိန်း စတင်

ရန်ကုန် ၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ၏ အကူအညီဖြင့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြုပြင်မွမ်းမံခြင်း စတင်သည့် အထိမ်းအမှတ် အခမ်းအနား အား မေလ ၂၁ ရက် တွင် ရန်ကုန်မြို့ ရှိ အမျိုးသားဇာတ်ရုံ ၌ ကျင်းပ ပြုလုပ် ခဲ့သည်။

စီမံကိန်း စတင်ခြင်း အထိမ်းအမှတ် အခမ်းအနား တွင် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြုပြင်မွမ်းမံရေး စာချွန်လွှာ ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် မြန်မာ နိုင်ငံ ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ် နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ တို့၏ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ ယခု ကျင်းပ ပြုလုပ်သည့် အခမ်းအနား က နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် ချစ်ကြည်ရင်းနှီးမှု နှင့် နားလည်ဖေးကူမှု များကို နက်ရှိုင်းစွာ ဖော်ပြသည့် အခမ်းအနား တစ်ရပ်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က အမှာစကား ပြောကြားရာတွင် အမျိုးသားဇာတ်ရုံ ပြုပြင်မွမ်းမံ နိုင်ရန် အတွက် ကြိုးပမ်းအားထုတ် ခဲ့ကြသည့် မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန နှင့် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး အား မိမိ အနေဖြင့် အထူး ကျေးဇူးတင်ပါကြောင်း ၊ ယခု စီမံကိန်း က မြန်မာ-တရုတ် ချစ်ကြည်ရေး အတွက် သမိုင်း မှတ်တိုင်သစ် အဖြစ် တင်ကျန်နေခဲ့ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ အစိုးရ က မြန်မာ နိုင်ငံ ၏ လက်တွေ့လိုအပ်ချက် အရ ခေတ်မီ သည့် အမျိုးသားဇာတ်ရုံ အသစ် အဖြစ်သို့ ရောက်ရှိ အောင် ပြုပြင်မွမ်းမံ ပေးသွားမည် ဖြစ်ကြောင်း ၊ ပြုပြင်မွမ်းမံ ပြီးသည့် အမျိုးသား ဇာတ်ရုံ က တရုတ်-မြန်မာ ယဉ်ကျေးမှုအနုပညာ ကူးလူးဖလှယ်ရေး တိုးမြှင့်ရန် အတွက် အရေးပါသည့် အခန်းကဏ္ဍ က ပါဝင်ပြီး နှစ်နိုင်ငံ ပြည်သူလူထု အကြား အပြန်အလှန် နားလည်မှု နှင့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး အတွက် အကျိုးထမ်းဆောင်ပေးနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသားဇာတ်ရုံ(ရန်ကုန်) အား တရုတ် နိုင်ငံ အစိုးရ ၏ ကူညီထောက်ပံ့မှု ဖြင့် အသံစနစ်များ အဆင့်မြှင့်တင်ခြင်း ၊ ဇာတ်စင်သုံး မီးစနစ်များ အဆင့်မြှင့်တင်ခြင်း ၊ Air Con စနစ် အဆင့်မြှင့်တင်ခြင်း ၊ ပွဲကြည့်ထိုင်ခုံများ အဆင့်မြှင့်တင်ခြင်း ၊ အဆောက်အဦပိုင်း ဆိုင်ရာ အဆင့်မြှင့်တင်ခြင်း ၊ အလိုအလျောက်မီးငြိမ်းသတ်စနစ် အဆင့်မြှင့်တင်ခြင်း နှင့် အခြား အထွေထွေ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပြီး ပြုပြင်မွမ်းမံသည့် ကာလ မှာ ခန့်မှန်းအားဖြင့် ၂ နှစ်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.