Connect with us

Videos

တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ ကျင်းပ

ရန်ကုန် ၊ ဇွန် ၄ ရက်(ဆင်ဟွာ)

တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားအား ဇွန် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ် ယဉ်ကျေးမှု စင်တာ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ ယူနန် ပြည်နယ် ပြည်နယ် အုပ်ချုပ်ရေးမှူး Mr.Ruan Chengfa ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan နှင့် ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ညွှန်ကြားရေးမှူးချုပ် Mr.He Ligui တို့အပါအဝင် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် ပြည်သူ့သမ္မတ နိုင်ငံ သံရုံး ယာယီ တာဝန်ခံ Ms.Li Xiaoyan၊ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ ဟိုတယ် နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး ဟိုတယ် နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်ဝင်း၊ ယူနန် ပြည်နယ် ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr.He Ligui တို့က မိန့်ခွန်း အသီးသီး ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ် တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ်ပွဲကို တရုတ် နှင့် မြန်မာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ၆၉ နှစ်မြောက် နှင့် နှစ်နိုင်ငံကြား ခရီး သွားလာရေး ၊ ယဉ်ကျေးမှု ကဏ္ဍ အသီးသီးတွင် ပူးပေါင်း ဖလှယ်ရေး ၊ နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည်ရေး တိုးမြှင့်စေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။

တရုတ် – မြန်မာ ခရီးသွားလာရေး နှင့် ယဉ်ကျေးမှု ရက်သတ္တပတ် ဖွင့်ပွဲ အခမ်းအနားတွင် ယူနန် ပြည်နယ် ချုရှုံ တိုင်းရင်းသား အနုပညာ အဖွဲ့မှ ဖျော်ဖြေရေး အစီအစဉ်များ အဖြစ် ဝတ်စားဆင်ယင်မှုများ ၊ တေးသီချင်း သီဆိုမှုများ ၊ အဖွဲ့လိုက် ဖျော်ဖြေမှုများ ၊ တူရိယာ တီးမှုတ် ဖျော်ဖြေ တင်ဆက်မှုများကိုလည်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.