Connect with us

Videos

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး အခမ်းအနား ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား အား ဇန်နဝါရီ ၁၉ ရက် က ရန်ကုန်မြို့ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အနုပညာရှင်များ က အတူတကွ စိတ်ဝင်စားဖွယ်ကောင်း သည့် ဖျော်ဖြေတင်ဆက်မှု အား ပရိသတ် များ အား တင်ဆက်ပြသ ခဲ့ကြသည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အခမ်းအနား ၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ် ရိုးရာ နှစ်သစ်ကူးပွဲတော် ၏ ပျော်ရွှင်မှု ကို အတူတကွ မျှဝေခံစား နိုင်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူလူထု တို့အား နှစ်သစ် အတွက် အတူတကွ ဆုမွန်ကောင်း တောင်းလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ သတင်းဌာန ပြင်ပရေးရာ ပြန့်ပွား ဆောင်ရွက်ရေး ဌာန ဒုတိယ ညွှန်ကြားရေးမှူး မစ္စတာ လင်လိ (Mr.Ling Li) က တရုတ်-မြန်မာ စီးပွားရေး စြင်္က ံ အား အတူတကွ တည်ဆောက်ကာ တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ၊ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ ပြည်နယ်ပါတီ ပြန်ကြားရေးဝန်ကြီး မစ္စတာ ကျောက်ကျင်း (Mr.Zhao Jin) က ယူနန် ပြည်နယ် အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင် တို့ ထားရှိခဲ့သည့် သဘောတူညီချက် အရ မြန်မာ နိုင်ငံ နှင့် ဘက်စုံ ပူးပေါင်း ဆောင်ရွက်မှု များအား တိုးချဲ့ဆောင်ရွက်ကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာ မိတ်ဖက် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး အား ပိုမိုမြင့်မား သည့် အဆင့် သို့ ရောက်ရှိအောင် ဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရ ဦးအောင်ကို က မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး နှင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု နှင့် ဖလှယ်မှုအား တွန်းအား ပေးစေနိုင်ရန် ၊နှစ်နိုင်ငံ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့ ကာ နှစ်နိုင်ငံ ပြည်သူလူထု အား အကျိုး ဖြစ်ထွန်း စေလိုကြောင်း ပြောကြား ခဲ့သည်။

“တရုတ်-မြန်မာ သံယောဇဉ် တစ်မိသားစုလုံးပြုံးပျော်ရွှင်” နိုင်ငံဖြတ်ကျော် တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူး ဖျော်ဖြေတင်ဆက်မှု အခမ်းအနား နှင့် တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် တို့အား တရုတ် နိုင်ငံ နိုင်ငံတော် ကောင်စီ ပြန်ကြားရေးရုံး ၊ မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံရုံး ၊ တရုတ် နိုင်ငံ ယူနန်ပြည်နယ် အစိုးရ ၊ မြန်မာ နိုင်ငံ ပြန်ကြားရေး ဝန်ကြီးဌာန နှင့် သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန တို့ မှ ကြီးမှူး ကျင်းပ ပြုလုပ် ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ အခမ်းအနား နှင့် ရက် သတ္တပတ် ကျင်းပ ပြုလုပ်စဉ် အတွင်း တရုတ်အစိုးရ၏ ဆင်းရဲမွဲတေမှု ပပျောက်ရေးစီမံကိန်းကြီး အောင်မြင်ဖြစ်ထွန်းမှု ပြပွဲ အား ရန်ကုန် ၊ နေပြည်တော် နှင့် မန္တလေး စသည့် မြို့များတွင် ပြသ သွားမည် ဖြစ်ကြောင်း ၊ ပြပွဲတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အကြောင်းအရာ များကို ဓာတ်ပုံများ ၊ ရှင်းလင်းချက်စာတမ်းများဖြင့် တင်ပြ မိတ်ဆက်ထားကြောင်း ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု ရက် သတ္တပတ် ကျင်းပ ပြုလုပ်စဉ် အတွင်း MRTV တွင်လည်း တရုတ် နိုင်ငံ ရုပ်သံဇာတ်လမ်းများ အား ထုတ်လွှင့်ပြသွားပေးသွားမည် ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကိုလည်း ကျင်းပ ပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

တရုတ် ရိုးရာ နွေဦး နှစ်သစ်ကူးပွဲတော် ဖျော်ဖြေတင်ဆက်မှုများ ကို လည်း ဖေဖော်ဝါရီ ၄ ရက် နေ့ တွင် MRTV နှင့် Sky Net ရုပ်သံလိုင်းများ တွင် ထုတ်လွှင့်ပေး သွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.