Connect with us

Videos

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်း ကျင်းပ

ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက်(ဆင်ဟွာ)

တရုတ်-မြန်မာ ယဉ်ကျေးမှု ရက်သတ္တပတ်၏ အစီအစဉ် တစ်ရပ် အနေဖြင့် တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းကို ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှု စင်တာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းကို “ယူနန်လက်ဖက် ရေနွေး ကြမ်းကို အတူ သုံးဆောင် ခံစားရင်း တရုတ်-မြန်မာသံယောဇဉ်ကို အတူဖော်ပြ” ဆိုသည့် အဓိက ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ရာ တရုတ်-မြန်မာ မီဒီယာများ ဖြစ်ကြသည့် ယူနန်နေ့စဉ်သတင်းစာ ၊ မြန်မာ့သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဖြစ်သူ ၊ လျှပ်တပြက် ဂျာနယ် အယ်ဒီတာချုပ် ဦးမြတ်ခိုင် ၊ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ် ၊ တရုတ်နိုင်ငံ CCTV ရုပ်သံ ရန်ကုန် ရုံးခွဲ တာဝန်ခံ ၊ ယူနန် ပြည်နယ် ပြည်သူ့ ပုံနှိပ် ထုတ်ဝေရေး ဌာန ၊ ရန်ကုန်တိုင်းမ် သတင်းဂျာနယ် ၊ ဒီမိုကရေစီတူဒေး သတင်းစာ ၊ Sky Net ရုပ်သံဌာန တို့မှ အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။

တရုတ်-မြန်မာ မီဒီယာများ နွေဦး နှစ်သစ်ကူး လက်ဖက်ရည်ကြမ်း စကားဝိုင်းတွင် ယူနန် နေ့စဉ် သတင်းစာ အဖွဲ့မှ မြန်မာစာ Facebook အွန်လိုင်းစတင်ခြင်း ကြေညာခြင်း ၊ ယူနန် ပြည်နယ် ပြည်သူ့ပုံနှိပ် ထုတ်ဝေရေး အုပ်စုမှ တရုတ်မြန်မာ အဘိဓာန် ကို ပထမဆုံး အကြိမ် ဖြန့်ချိ ထုတ်ဝေခြင်း ၊ ယူနန် နေ့စဉ် သတင်းစာ အဖွဲ့ နှင့် Myanmar News Network Company Limited တို့နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ၊ ယူနန် ပြည်နယ် ပြည်သူ့ပုံနှိပ် ထုတ်ဝေရေး ဌာန နှင့် မြန်မာနိုင်ငံ ရွှေဇာမဏီ တရုတ် သတင်း ဂျာနယ် တို့အကြား ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ သဘောတူ စာချုပ် ချုပ်ဆိုခြင်းများကို ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန်ပြည်နယ် ပါတီ ကော်မတီ အမြဲတမ်း ကော်မတီဝင် ၊ ပြည်နယ်သတင်းပြန်ကြားရေး ဝန်ကြီး ကျောက်ကျင်း နှင့် မြန်မာ့အသံ နှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးနှင့် တရုတ် နှင့် မြန်မာ အစိုးရအရာရှိများ ၊ ယူနန် နေ့စဉ် သတင်းစာ အဖွဲ့ ဥက္ကဋ္ဌ ရှီထီယွိ၊ ယူနန်ပုံနှိပ်ထုတ်ဝေရေးအုပ်စု ဥက္ကဋ္ဌ လီဝေတို့သည် စတင်ဖွင့်လှစ်ခြင်း ဖန်လုံးနှိပ်ပြီး မြန်မာဘာသာ Facebook အကောင့် “ရှုဖွယ်စုံလင် ယူနန်တခွင်”အွန်လိုင်း စတင်ခြင်းကို ကြေညာပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.