Connect with us

Videos

တရုတ်- အာဖရိကပူးပေါင်းဆောင်ရွက်ရေးအတွက် စံနမူနာကောင်းတစ်ခုအဖြစ်ရထားလမ်းဖောက်ဟု ဝမ်ရိဆို

နိုင်ရိုဘီ ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အာဖရိကနိုင်ငံများကို ဖြတ်၍ ဖောက်လုပ်နေသော ရထားလမ်းမှာ စက်မှုကဏ္ဍ စွမ်းဆောင်ရည်မြင့်မားစေရန် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု၏ စံနမူနာကောင်း တစ်ခုဖြစ်ကြောင်း ကင်ညာနိုင်ငံသို့ရောက်ရှိနေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက သြဂုတ် ၁ဝ ရက်တွင် ပြောကြားလိုက်သည်။
ကင်ညာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Amina Mohamed နှင့်ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ရိုဘီ-မွမ်ဘဇာ ရထားလမ်းပိုင်းသည် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုလိုက်သည်။
အဆိုပါရထားလမ်းမှာ တရုတ်အစိုးရထောက်ပံ့ငွေဖြင့် တရုတ်ကုမ္ပဏီတစ်ခုမှ တာဝန်ယူဖောက်လုပ်နေခြင်းဖြစ်ပြီး ကင်ညာနိုင်ငံဆိပ်ကမ်းမြို့မွမ်ဘဇာ မှ မြို့တော် နိုင်ရိုဘီသို့ဆက်သွယ်ပေးမည်ဖြစ်သည်။ ထို ရထားလမ်းသည် ကင်ညာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသည့် အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း နှင့် တရုတ်-ကင်ညာပူးပေါင်းဆောင်ရွက်မှု၏ အသီးအပွင့်တစ်ခုဖြစ်ကြောင်း ဝမ်ရိက ပြောသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.