Connect with us

Videos

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေး မိုင်ဂျာယန်၌ စတင် ကျင်းပ

မိုင်ဂျာယန် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ)
ကချင်ပြည်နယ် ၊ မိုင်ဂျာယန်၌ ကျင်းပ ပြုလုပ်သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ မျက်နှာစုံညီ အစည်းအဝေးအား ယနေ့ ဇူလိုင် ၂၆ ရက်တွင် စတင်ခဲ့ရာ တိုင်းရင်းသား အဖွဲ့ ၁၇ ဖွဲ့ နှင့် အတူ ကုလသမဂ္ဂ ၊ တရုတ်နိုင်ငံတို့မှ အထူး ကိုယ်စားလှယ်များ ၊ လေ့လာသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။
မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေးသို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၇ ဖွဲ့ အပါအဝင် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီး ယား ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ၏ အာရှ ရှေးရာ အထူး ကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်း တို့ တက်ရောက် လေ့လာခဲ့သည့် အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီများနှင့် ဖွဲ့စည်းထားသည့် ညီညွတ် သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)၊ ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း(NBF)၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့လည်း တက်ရောက်ခဲ့သည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၏ မျက်နှာစုံ ညီအစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ဇူလိုင် ၂၉ ရက် အထိ ၄ ရက်ကြာ ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.