Videos
တူရကီနိုင်ငံက တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကိုကာကွယ်ရန် အရှည် ၁,၀၀၅ ကီလိုမီတာရှိ နယ်ခြားနံရံတည်ဆောက်
အစ္စတန်ဘူလ်၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံက နိုင်ငံအရှေ့ပိုင်းနှင့်တောင်ပိုင်း နယ်နိမိတ်တလျှောက် နိုင်ငံပိုင်နက်သို့တရားမဝင် ဝင်ရောက်နေထိုင်သူများကို တားဆီးရန် ကီလိုမီတာ ၁,၀၀၅ အရှည်ရှိသည့် နယ်ခြားနံရံကိုတည်ဆောက် ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဌာနက အောက်တိုဘာ ၂၆ ရက်တွင် သတင်းထုတ်ပြန်သည်။
တူရကီနိုင်ငံ၏ နယ်နိမိတ် ၃၄ ရာခိုင်နှုန်းတွင် အီရတ်၊ အီရန်နှင့်ဆီးရီးယားနိုင်ငံတို့ နှင့် ထိစပ်လျှက်ရှိပြီး စက်တင်ဘာလအထိ တံတိုင်းများ ကာရန်ထားပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။
နယ်နိမိတ်တံတိုင်းများနှင့်ခြံစည်းရိုးများတည်ဆောက်ခြင်းကို အီရန် နယ်စပ်တစ်လျှောက် ၂၃၈ ကီလိုမီတာ အရှည် နှင့် အီရတ် နယ်စပ်တလျှောက် အရှည် ၃၃ ကီလိုမီတာဖြင့် တစ်ဆက်ထဲ တည်ဆောက်ထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
တူရကီနိုင်ငံသည် ဥရောပ သို့ဝင်ရောက်ရန် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ ဖြတ်ကျော်ရသည့် အဓိက ဖြတ်သန်းရာနိုင်ငံ ဖြစ်သည်။ လက်ရှိတွင် တူရကီ ၌ ဒုက္ခသည်ပေါင်း ၄သန်းခန့်ကို လက်ခံထားရှိပြီး ထိုအထဲတွင် ၃.၇ သန်း မှာ ဆီးရီးယားလူမျိုးများဖြစ်ပြီး ကျန် လူဦးရေ သန်းတစ်ဝက်ခန့်မှာ အီရန်နှင့်အီရတ် နိုင်ငံသားများကဲ့သို့သော အခြားနိုင်ငံသားများဖြစ်ကြကြောင်းသိရသည်။
ထို့အပြင် အာဖဂန်နစ္စတန်နိုင်ငံသို့ တာလီဘန်များသိမ်းယူပြီးနောက်ပိုင်းတွင် အီရန်နိုင်ငံနယ်စပ်မှတစ်ဆင့် တူရကီနိုင်ငံသို့ အာဖဂန်ဒုက္ခသည်များစွာ ဝင်ရောက်လျက်ရှိသည်။ တူရကီနိုင်ငံသမ္မတ ရီဆက် တေရစ် အာဒိုဂန် က နိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် အာဖဂန်ရွှေ့ပြောင်းသူဦးရေ မှာ ၃၀၀,၀၀၀ ဦး ရှိပြီဖြစ်ကြောင်းအစောပိုင်းကဆိုသည်။ (Xinhua)
#turkey #borderwall #illegalcrossings #territories #refugee #xinhua #xinhuamyanmar #တူရကီ #နယ်စပ် #တရားမဝင်ဖြတ်ကျော် #နယ်နိမိတ် #ဒုက္ခသည်များ #ဆင်ဟွာ #ဆင်ဟွာမြန်မာ