Connect with us

Videos

ထရမ့် နှင့် ကင်ဂျုံအန် ပန်မွန်ဂျံုံနယ်စပ်ရွာတွင် တွေ့ဆုံနှုတ်ဆက်

ဆိုးလ် ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့် နှင့် မြောက်ကိုရီးယားနိုင်ငံထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန် တို့သည် တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံ နယ်စပ် ပန်မွန်ဂျုံရွာ(Panmunjom) ၌ ဇွန် ၃ဝ ရက်တွင် တွေ့ဆုံပြီး နှုတ်ဆက်ခဲ့ကြသည်။ သမ္မတထရမ့်သည် တောင် ၊ မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မျဉ်းကိုဖြတ်ကျော်ပြီး မြောက်ကိုရီးယားနိုင်ငံ နယ်နိမိတ်သို့ ခြေချခဲ့သည့် ပထမဆုံး အမေရိကန်နိုင်ငံ သမ္မတ တစ်ဦးလည်းဖြစ်လာခဲ့သည်။ မြောက်ကိုရီးယားနယ်နိမိတ်အတွင်းခေါင်းဆောင်နှစ်ဦးမှာ အပြန်အလှန် နှုတ်ဆက်ကြပြီးနောက် တောင်ကိုရီးယား နယ်နိမိတ်သို့ အတူပြန်လည်ဝင်ရောက်ကာ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းနှင့်တွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။ ကင်က ထရမ့်၏ နယ်စပ်မျဉ်းဖြတ်ကျော်ခဲ့သည့် ဆုံးဖြတ်ချက်မှာ အတိတ်မှ မပြေလည်ခဲ့သည့် ဖြစ်ရပ်များကိုကျေအေးခြင်းဖြစ်ကြောင်းနှင့် ကောင်းမွန်သာလွန်သည့် အနာဂတ်အတွက် ရှေ့ဆောင်လမ်းပြဖြစ်နိုင်မည့် ရဲရင့်ပြတ်သားသည့် လုပ်ရပ်ပင်ဖြစ်ကြောင်းဆိုသည်။ ထရမ့်ကလည်း ယခုကဲ့သို့ နယ်ခြားမျဉ်းအားဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံ ပိုင်နက်သို့ဝင်ရောက်ခြင်းမှာ မိမိအနေဖြင့် အလွန်ပင် ဂုဏ်ယူမိပါကြောင်းဆိုသည်။ ထရမ့်က အမေရိကန်နိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့အကြား နျူကလီးယား ကင်းစင်ရေးဆွေးနွေးမှုများကို နှစ်ပတ်မှ သုံးပတ်အတွင်း ပြန်လည်စတင်နိုင်မည်ဖြစ်ကြောင်း သတင်းထောက်များကိုပြောကြားခဲ့ပြီး ကင်ကိုလည်း အမေရိကန်နိုင်ငံသို့ လာရောက်လည်ပတ်ပါရန် ဖိတ်ကြားခဲ့သည်။ ကင်ကလည်း ထရမ့်အား မြောက်ကိုရီးယားနိုင်ငံ၏ မြို့တော် ပြုံယမ်းသို့ အလျဉ်းသင့်သည့်အချိန်တွင် လာရောက်လည်ပတ်ရန် ပြန်လည်ဖိတ်ကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.