Connect with us

Videos

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နိုင်ငံကကျူးကျော်တပ်စွဲခဲ့သည့်ခံတပ်ဟောင်းကိုရှန်ဟိုင်းတွင်တွေ့ရှိ

ရှန်ဟိုင်း၊ သြဂုတ် ၂၄ ရက် (ဆင်ဟွာ)
ဒုတိယကမ္ဘာစစ်ကာလအတွင်း ဂျပန်နိုင်ငံ က စစ်သားများကျူးကျော်ဝင်ရောက်တပ်စွဲခဲ့သည့် ခံတပ်ဟောင်း တစ်ခုကို တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် တူးဖော်တွေ့ရှိခဲ့သည်။ ကျောက်သားများဖြင့် အခိုင်အခံ့ တည်ဆောက် ထားသည့် အဆိုပါခံတပ်ကို ဆုန်းကျန်း ခရိုင် ရှင်းဘန်းအရပ်တွင် တွေ့ရှိခြင်းဖြစ်သည်။ အထပ် ၃ထပ် ဖြင့်တည်ဆောက်ထားသည့် ခံတပ်ဟောင်းရှိ နံရံများပေါ်တွင် ကျည်ဆံရာများကို ယခုထက်တိုင် မြင်တွေ့ နိုင်သည်။ ဖက်ဆစ်ဂျပန်တို့က တရုတ်နိုင်ငံကို ၁၉၃၇ ခုနှစ်တွင် ကျူးကျော်ဝင်ရောက်ခဲ့ ပြီး တရုတ်နိုင်ငံက ဂျပန်ကျူးကျော်မှုကိုပြန်လည်တွန်းလှန်ခဲ့သည့်စစ်ပွဲသည် ဒုတိယကမ္ဘာစစ်တွင် အထူးအရေး ပါသော တိုက်ပွဲဖြစ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.