Videos
ဒေသခံပြည်သူ ၄သန်းကျော်အကျိုးဖြစ်ထွန်းစေမည့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်း
ရှင်းကျန်း၊ ဒီဇင်ဘာ ၁၂ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှင်းကျန်းဒေသရှိ Tarim ဒေသတွင် ဆောင်ရွက်လျက်ရှိသည့် သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းမှတစ်ဆင့် ဒေသခံ ပြည်သူ ၄ သန်းကျော် အတွက် အကျိုးကျေးဇူး များစွာဖြစ်ထွန်းစေကြောင်းသိရသည်။ ၎င်းစီမံကိန်းကို ၂၀၁၀ ခုနှစ်က စတင် ဆောင်ရွက်ခဲ့ပြီး ရှင်းကျန်းဒေသတောင်ပိုင်းသို့ နေ့စဉ် သဘာဝဓါတ်ငွေ့ ကုဗမီတာ ပေါင်း ၁၄.၅ သန်းခန့် ထောက်ပံ့ပေးနိုင်ခဲ့သည်။ ဒေသခံပြည်သူများ၏ လူနေမှုဘဝအဆင့်မြှင့်တင်ရန် ၂၀၁၃ ခုနှစ်မှ စတင်ကာ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းကို အကောင်အထည် ခဲ့ကြသည်။ ထို့ကြောင့် ရှင်းကျန်းတောင်ပိုင်းဒေသရှိ ခရိုင်နှင့်မြို့ပေါင်း ၄၂ ခုသို့ သဘာဝဓါတ်ငွေ့များပို့ဆောင်ရန် ပိုက်လိုင်းပေါင်း ၃၀၀၀ကီလိုမီတာကျော်ကို တပ်ဆင်ထားပြီးဖြစ်သည်။ ယခင်က ဒေသခံပြည်သူများမှာ လောင်စာအတွက် ကျောက်မီးသွေးနှင့် ထင်းများကို အဓိကထား အသုံးပြုခဲ့ကြသည်။ သဘာဝဓါတ်ငွေ့ ထုတ်လုပ်ရေးစီမံကိန်းမှာ ကုန်ကျစရိတ်ကို ချွေတာရုံရောက်သည့်အပြင် ဒေသတွင်းဇီဝပတ်ဝန်းကျင်ကိုလည်းထိန်းသိမ်းရာရောက်သည်။ ဒေသခံများမှာ သဘာဝဓါတ်ငွေ့ ၁ကုဗမီတာအတွက် အမေရိကန်ဒေါ်လာ ၁၄ ဆင့် (၀.၉၈ယွမ်) သာကျသင့်မည်ဟု သိရသည်။(Xinhua)