Connect with us

Videos

ဒေါ်နယ်ထရမ့် ၏ လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ်ကို အိမ်ဖြူတော်ရှေ့တွင် ဆန္ဒပြ ဆန့်ကျင်

ဝါရှင်တန် ၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)

ထောင်နှင့်ချီသော အမေရိကန် နိုင်ငံ သားများသည် ဇန်နဝါရီ ၂၉ ရက်နေ့ ညနေပိုင်းတွင် အိမ်ဖြူတော်ရှေ့၌ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က လက်မှတ်ရေးထိုးလိုက်သည့် အမေရိကန် နိုင်ငံသို့ ဝင်ရောက်ရန် တားမြစ် သည့် လူဝင်မှု ကြီးကြပ်ရေး ဥပဒေ သစ်ကို ဆန့်ကျင်ကြောင်း ဆန္ဒပြ ခဲ့ကြသည်။ ယင်းနေ့တွင် အမေရိကန် နိုင်ငံ ၏ အဓိက မြို့ကြီးများ နှင့် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်များ တွင် ဒေါ်နယ်ထရမ့်၏ လက်မှတ်ရေးထိုးလိုက်သည့် ဥပဒေ သစ်နှင့်ပတ်သက်၍ ဆန္ဒပြမှု များဖြစ်ပွား ခဲ့သည်။

ဒေါ်နယ်ထရမ့် က မိမိ အနေဖြင့် ဥပဒေ သစ်ကို လက်မှတ်ရေးထိုးလိုက်သည် မှာ အမေရိကန် နိုင်ငံ လုံခြုံရေး ကို ပိုမို ကောင်းမွန်စွာ ကာကွယ် နိုင်ရန် အတွက်ဖြစ်ကြောင်း ထုတ်ပြန် ခဲ့သည်။ ဒေါ်နယ်ထရမ့် သည် ဇန်နဝါရီ ၂၇ ရက်နေ့က ယင်း ဥပဒေ ပြဌာန်းချက် အသစ် ကို လက်မှတ်ရေးထိုးခဲ့ပြီး ထိုပြဌာန်းချက်အရ အမေရိကန် နိုင်ငံ သည် ရက်ပေါင်း ၁၂၀ အတွင်း ဒုက္ခသည်များ အားလုံး အမေရိကန် နိုင်ငံသို့ ဝင်ရောက်မှု ကို တားမြစ်မည် ဖြစ်ကြောင်း ၊ ရက်ပေါင်း ၉၀ အတွင်း အီရန် ၊ ဆူဒန် ၊ ဆီးရီးယား ၊ လစ်ဗျား ၊ ဆိုမာလီယာ ၊ ယီမင် နှင့် အီရတ် နိုင်ငံသား များ အမေရိကန် နိုင်ငံသို့ ဝင်ရောက်ခြင်းကို တားမြစ်မည် ဖြစ်ကြောင်း ၊ ဆီးရီးယား နိုင်ငံ မှ ဒုက္ခသည် များ အမေရိကန် သို့ဝင်ရောက်ခြင်းကို အကန့်အသတ် မရှိ တားမြစ်ကြောင်း ဖော်ပြပါရှိသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.