Connect with us

Videos

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ခရီးစဉ်အောင်မြင်ခဲ့

သံတွဲ ၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် အတွင်း ဖွံ့ဖြိုးရေး နည်းပါးသည်ကို သတိပြုမိပြီး ဖွံ့ဖြိုးရေး လုပ်မည် ဆိုပါက ထိထိရောက်ရောက်နှင့် အမှန် တကယ် အကျိုးပြုနိုင်သည့် စီမံကိန်းများဖြင့် လုပ်ဆောင်ရန် အင်မတန်မှ လိုအပ်သည်ဟု ထင်မြင်ပါကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ခရီးစဉ်အတွင်း ပြောကြားခဲ့သည်။

စစ်မှန်သည့် ဖွံ့ဖြိုးရေးသည် အများစု ချမ်းသာရမည် ဖြစ်ပြီး အေးအေးချမ်းချမ်း ၊ ဖူဖူလုံလုံနှင့် နေနိုင်ရမည် ဖြစ်ကြောင်း ၊ ဒေါ်အောင်ဆန်းစုကြည်က အောက်တိုဘာ ၁၆ ရက် တောင်ကုတ် ပြည်သူလူထု ဟောပြောပွဲ၌ ထည့်သွင်း ပြောကြားခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ၁၀ နှစ်ကျော်ကြာ တကျော့ပြန် သွားရောက်ခဲ့သည့် ရခိုင်ပြည်နယ် ရွေးကောက်ပွဲ ဆိုင်ရာ စည်းရုံးရေး ခရီးစဉ် အတွင်း ဟောပြောပွဲများ ပြီးစီးသည်အထိ နှောင့်ယှက် တားဆီးမှု တစ်စုံတရာ ပေါ်ပေါက်ခြင်း မရှိခဲ့ကြောင်းသိရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင် ခရီးစဉ် စတင်သည့် နေ့မှ စ၍ သွားရောက်ဟောပြောခဲ့သည့် တောင်ကုတ် ၊ သံတွဲ ပြည်သူလူထု ဟောပြောပွဲသို့ပြည်သူ ထောင်ပေါင်းများစွာ တတ်ရောက်ခဲ့ကြပြီး ဒေသခံပြည်သူများက လူမျိုးရေး ၊ ဘာသာရေး များနှင့် ပတ်သက်၍ စိတ်ဝင်စား မေးမြန်းမှုများကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားမှုများ ပြုလုပ်ခဲ့သည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့အောက်တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ သုံးရက်ကြာ ခရီးစဉ်အတွင်း တောင်ကုတ် ၊ သံတွဲ ၊ ဂွ မြို့နယ်များ သို့ သွားရောက်မည် ဖြစ်ပြီး အပြန်ခရီးစဉ်တွင် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ ငသိုင်းချောင်း မြို့နယ်သို့လည်း ဝင်ရောက်ရန် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.