Connect with us

Videos

နယူးယောက်တွင် အောက်တိုဘာလ ၁ ရက်နေ့ အား တရုတ်နိုင်ငံနေ့အဖြစ်သတ်မှတ်မည်

နယူးယောက်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်ပြည်ထောင်စုနှင့် တရုတ် နှင့် အမေရိကန်နိုင်ငံသားများ အကြား ချစ်ကြည်ရင်းနှီးမှု ကို ပိုမို ခိုင်မြဲစေရန်ရည်ရွယ်ကာ ယခုနှစ်မှ စတင်ကာ အောက်တိုဘာလ ၁ ရက်နေ့ အား တရုတ်နိုင်ငံနေ့အဖြစ်သတ်မှတ်ရန် နယူးယောက်အထက်လွှတ်တော် က ဇွန်လ ၁၈ ရက်နေ့က မဲပေးဆုံးဖြတ်ခဲ့ကြသည်။

ထို ဆုံးဖြတ်ချက်သည် တရုတ်နိုင်ငံနှင့် နယူးယောက်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပြယုဂ်ကို မြှင့်တင်ခြင်းဖြစ်ကြောင်း Southeast Queens မဲဆန္ဒနယ် အထက်လွှတ်တော်အမတ် James Sanders Jr က အထက်လွှတ်တော် တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံက ပြီးခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာကတည်းက သိသာထင်ရှားသည့် ပြောင်းလဲတိုးတက်မှုများ ဖြစ်ထွန်းခဲ့ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အရေးကိစ္စများ တွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေပြီဖြစ်ကြောင်း၊ နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကာ အဆင့်မြှင့်လုပ်ငန်းများတွင် အတူတကွ ဆောင်ရွက်နိုင်ရန် အလွန်အရေးကြီးကြောင်းပြောကြားခဲ့သည်။

ဆန်ဒါ က ဆင်ဟွာကို ပြောကြားရာ တရုတ်နိုင်ငံသည် နယူးယောက်၏ စီးပွားရေးကဏ္ဍ အတွက် မည်မျှအရေးပါသည်ကို နားလည်ပါကြောင်းနှင့် နှစ်နိုင်ငံစလုံး ချစ်ကြည်ရင်းနှီးမှု အရေးပါသည်ကို အလေးအနက်ထားပါကြောင်းပြောကြားခဲ့သည်။

နယူးယောက်၏ စီးပွားရေး ကဏ္ဍများသည် တရုတ်နိုင်ငံနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်မည်ဆိုပါက နှစ်ဘက်စလုံးအတွက် အကျိုးကျေးဇူးများဆောင်ကြဉ်းနိုင်မည်ဖြစ်ကြောင်း အထက်လွှတ်တော်အမတ် David Carlucci ကလည်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.