Connect with us

Videos

နိုင်ငံတကာအာကာသစခန်းသို့သွားမည့် ဆိုယုဇ်အာကာသယာဉ်ကို အောင်မြင်စွာလွှင့်တင်ခဲ့

ကာဇက်စတန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကာဇက်စတန်နိုင်ငံရှိ ဘိုင်ကိုနော အာကာသစခန်းမှ နိုင်ငံတကာအာကာသစခန်းသို့သွားမည့် ဆိုယုဇ် အာကာသ ယာဉ်ကို ဇူလိုင်လ ၇ ရက်နေ့မနက်အစောပိုင်းက အောင်မြင်စွာလွှင့်တင် နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်တွင် နာဆာမှအာကာသယာဉ်မှူး ကိတ်ရူဘင်၊ ရုရှားအာကာသယာဉ်မှူး အနာတိုလီ အိုင်ဗင်ရှင် နှင့် ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီမှ အာကာသယာဉ်မှူး တာကူယ အိုနီရှိ တို့ လိုက်ပါ သွားခဲ့ကြသည်။

အဆိုပါ အာကာသယာဉ်မှူးများ အဖွဲ့သည် နိုင်ငံတကာအာကာသစခန်းသို့ ကျောက်ချ ရပ်နားခြင်းမပြုမီ ဆိုယုဇ် အာကာသယာဉ် ၏ မွမ်းမံထားသည့်စနစ်ကို စမ်းသပ်ရန်ကမ္ဘာကိုနှစ်ရက်အတွင်း၃၄ ပတ်ပတ်၍ ပျံသန်း မောင်းနှင်မည်ဟုသိရသည်။

အာကာသယာဉ်မှူးများသည် နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိချိန်တွင် အာကာသသိပ္ပံဆိုင်ရာ ပညာရပ်များပိုမိုတိုးတက်စေရန် နှင့် ကမ္ဘာပေါ်ရှိလူသားများ အာကာသပေါ်တွင် ချိန်ညှိရန်လိုမည့် နည်းပညာများကို ထပ်မံလေ့လာသွားမည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.