Videos
နျူကလီးယား စီမံကိန်း ရှေ့ပြေးတည်ဆောက်ရေးလုပ်ငန်းစဉ်များ လုပ်ဆောင်
ဖူကျိုး၊ ဒီဇင်ဘာလ ၂၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မှ ပုံစံထုတ်လုပ်ထားသော ဓါတ်ပေါင်းဖို အသုံးပြုထားသည့် နျူကလီးယား စီမံကိန်း ၏ရှေ့ပြေး တည်ဆောက်ရေးလုပ်ငန်းဖြစ်သည့် ဒုတိယမြောက် ယူနစ်အား ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း ဖုကျင့်ပြည်နယ်၊ ဖုကျင်း ၌ စတင် ဆောက် လုပ် နေပြီဖြစ်ကြောင်း သိရသည်။
နောက်ဆုံးယူနစ်သည် ဆောက်လုပ်ပြီးစီးရန်အတွက် အချိန် ၆၂ လ ကြာမြင့်မည်ဖြစ်ကြောင်း CNNC ဖုကျင်း ဌာနခွဲ မှ ပြောကြားခဲ့သည်။
ဟွာလုံ-ဝမ်း အသုံးပြု အခြား ရှေ့ပြေးစီမံကိန်းတစ်ခုကို လည်း ဒီဇင်ဘာလ နှောင်းပိုင်း၌ တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေ ဖန်းချန်းဒေါင် မြို့တွင် စတင် တည်ဆောက် သွားမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ သည် ၂၀၂၀ ပြည့်နှစ်တွင် နျူကလီးယား စွမ်းအင် မှ လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၅၈ သန်း ထုတ်လုပ်နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)