Videos
နှစ်ပေါင်း ၂၅ နှစ်ကျော်ကြာပျက်စီးခဲ့သော နှာခေါင်း နှင့် ပါးစပ် ပြန်လည်ရရှိတော့မည်
ရှန်ဟိုင်း၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
Shanghai Ninth ဆေးရုံတွင် မျက်နှာအစိတ်အပိုင်းများပျက်စီးခဲ့သည့် အမျိုးသမီးတစ်ဦးအား ပြန်လည်ကုသပေးခဲ့သည်။ ကိုယ်အင်္ဂါအစိတ်အပိုင်းများပြန်လည်ပြုပြင်သည့်နည်းပညာ၏ကျေးဇူးကြောင့် အသက် ၂၇ နှစ်ရှိပြီဖြစ်သည့် Jin Qi ဆိုသည့် အမျိုးသမီး ၏
ပျက်စီးခဲ့သည့် နှာခေါင်း နှင့် ပါးစပ်များကိုပြန်လည်ပုံဖော်ပေးနိုင်ခဲ့သည်။ ပြင်းထန်သော ဖျားနာခြင်းနှင့် ရှားပါးသည့် sepsis ရောဂါ တို့ကြောင့် လွန်ခဲ့သည့် ၂၅ နှစ်ကတည်းက သူမ၏ မျက်နှာတွင် နှာခေါင်းနှင့် ပါးစပ်များပျက်စီးသွားခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ဆရာဝန်များက သူမ၏ ရင်ဘတ်အပေါ်ဘက်မှ အသားစကို အသုံးပြုကာ နှာခေါင်းနှင့် ပါးစပ်တို့ ကို ဖန်တီးခဲ့သည်။ အခြားသူတစ်ဦး၏ မျက်နှာကို အစားထိုးတပ်ဆင်ခြင်းထက် မိမိ၏ အသားအရေဖြင့်သာ ပြန်လည် တပ်ဆင်ခြင်းဖြစ်ပြီး ခွဲစိတ်ကုသချိန် ၁ဝ နာရီကြာမြင့်ခဲ့သည်။ ဆရာဝန်များမှာ အရေပြားကို ပြန်လည်ပြုပြင်ရသည့်အပြင် ပုံပန်းမကျ ဖြစ်နေသည့် အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်ခဲ့ရသည်။ ၆ လအတွင်း ခွဲစိတ်ကုသမှု ၃ ကြိမ်ထပ်မံပြုလုပ်ပြီးပါက Jin မှာ နှာခေါင်းနှင့် ပါးစပ် အသစ် ပြန်လည် ရရှိတော့မည်ဖြစ်သည်။ (Xinhua)