Videos
နှစ်သစ်ကူးဖျော်ဖြေပွဲအဖြစ် ပီကင်းအော်ပရာနှင့် တရုတ်သံစုံတီးဝိုင်းက ချီကာဂိုတွင်ဖျော်ဖြေ
ချီကာဂို၊ ဖေဖော်ဝါရီ ၁၄ ရက်(ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု ချီကာဂိုတွင် တရုတ်ရိုးရာနှစ်သစ်ကူး ဖျော်ဖြေပွဲအဖြစ် တရုတ်အမျိုးသားသံစုံတီးဝိုင်းက ရှေးဟောင်းတရုတ် တေးဂီတ တူရိယာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ Bianzhong ဟုအမည်ရသည့် တရုတ်ဂီတတူရိယာကို လွန်ခဲ့သည့်နှစ်ပေါင်း ၂ဝဝဝ ကတည်းက ပေါ်ပေါက်ကာ အသုံးပြုခဲ့ကြခြင်းဖြစ်သည်။ ဘီစီ ၄၃၃ ကတည်းက အသုံးပြုခဲ့သည့် တရုတ်ဂီတတူရိယာကို တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ် ပြတိုက်တွင်ပြသထားပြီး ယခု ချီကာဂိုတွင်ဖျော်ဖြေသည့် တူရိယာများမှာ ပုံတူပြုလုပ်ထားသည့် တူရိယာများဖြစ်သည်။ သံစုံတီးဝိုင်း၏ ဖျော်ဖြေမှုအပြီးတွင် နာမည်ကျော် ပီကင်းအော်ပရာကိုလည်း ကပြဖျော်ဖြေခဲ့ကြောင်းသိရသည်။(Xinhua)