Videos
နှစ် (၉၀) ပြည့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အခမ်းအနား ကျင်းပ
ရန်ကုန် ၊ ဇူလိုင် ၂၉ ရက် (ဆင်ဟွာ)
တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် (PLA) တည်ထောင်ခြင်း နှစ် (၉၀) ပြည့် အခမ်းအနား ကို ဇူလိုင်လ ၂၈ ရက် နေ့က ရန်ကုန် မြို့ရှိ Sule Shangri-La ဟိုတယ် ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနား သို့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယဗိုလ်ချုပ်
မှူးကြီးစိုးဝင်း ၊ ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ အရာရှိကြီးများ ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် စစ်သံမှူး ရှုန်းဆောင်ဝေ(Xiong Shaowei) ၊ သံရုံး သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊နိုင်ငံတကာ သံရုံးများမှ စစ်သံမှူးများ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။
အခမ်းအနားတွင် သံအမတ်ကြီး ဟုန်လျန် နှင့် စစ်သံမှူး ရှုန်းဆောင်ဝေ တို့က တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အနေဖြင့် တရုတ် နိုင်ငံ၏ အချုပ်အခြာ အာဏာ ၊ လုံခြုံရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ခိုင်မြဲစွာ ကာကွယ်စောင့်ရှောက်ပေးခဲ့ ကြောင်းနှင့် တပ်မတော် အင်အားတောင့်တင်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း တို့ကို ၎င်းတို့၏ မိန့်ခွန်းထဲတွင် အသီးသီးထည့်သွင်းပြောကြားခဲ့သည်။
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လည်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် နှင့် မြန်မာ့ တပ်မတော် အကြား ချစ်ကြည်ရင်းနှီးမှု သည် အဆက်မပြတ် တည်တံ့ခိုင်မြဲ လျက်ရှိပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမို တိုးမြှင့်လာစေရန် အတွက် ဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ၎င်း၏ မိန့်ခွန်းထဲတွင် ပြောကြားခဲ့သည်။ (Xinhua)