Videos
ပထမဆုံးတရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲအပေါ် အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ၏ အမြင်များ
ရှန်ဟိုင်း၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)
ပထမဆုံးတရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲတွင် အမေရိကန်နိုင်ငံက စီးပွားရေးလုပ်ငန်းရှင်ပေါင်း ၁၆ဝ ကျော် တက်ရောက်ခဲ့ရာ ပြပွဲကျင်းပခြင်းအပေါ် ၎င်းတို့၏ ထင်မြင်ယူဆချက်များကို ဆင်ဟွာ မှ သွားရောက်မေးမြန်းခဲ့ပါသည်။ နိုဝင်ဘာလ ၁ဝ ရက်နေ့အထိကျင်းပမည့် တရုတ်နိုင်ငံ၏ ပထမဆုံးနိုင်ငံတကာ သွင်းကုန်ပြပွဲတွင် တစ်ကမ္ဘာလုံးမှ နောက်ဆုံးပေါ်နည်းပညာများ၊ ထုတ်ကုန်ပစ္စည်းများ လာရောက်ပြသလျက်ရှိပြီး အထူးစိတ်ပါဝင်စားသူများနှင့်စည်ကားလျက်ရှိသည့် ပွဲတစ်ပွဲလည်းဖြစ်သည်။(Xinhua)