Videos
ပဟေဠိဆန်သော ငါးအရေခွံဝတ်ဆင်သည့်ရှေးဟောင်းတရုတ်လူမျိုးများ
ဟေ့ကျန့် လူမျိုးစုများ မှာ တရုတ်နိုင်ငံ၏ လူဦးရေအနည်းငယ်သာကျန်တော့သည့် အသေးငယ်ဆုံးသော လူမျိုးစု မျိုးစိတ်ထဲတွင်ပါဝင်သည်။ ထိုလူမျိုးစုတွင် လူဦးရေပေါင်း ၅ဝဝဝ ခန့်သာကျန်ရှိသည်။ ၎င်းတို့သည် အများအားဖြင့် တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေးလုံ၊ ဆုံးဝှားနှင့် ဝူးဆူးလီမြစ်တို့ပေါင်းဆုံရာဒေသတွင် နေထိုင်ကြသည်။ ဟေ့ကျန့်လူမျိုးများသည် နတ်ဘုရားများကို ယုံကြည်သက်ဝင်ကြပြီး အရာတိုင်းတွင် အသက်ရှိသည်ဟုယူဆကြသူများလည်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် နတ်ဘုရားများကို သာမက သတ္တဝါမျိုးစုံ နှင့် အပင်မျိုးစုံ တို့ကိုလည်း ပူဇော်ပသကြသည်။ ၎င်းတို့က သစ်ပင်များနှင့် လူမျိုးစုရိုးရာ အမှတ်တံဆိပ် အရုပ်များကို နှစ်စဉ် တရုတ်ရိုးရာလပြက္ခဒိန် ရှိ ၇ လ ၏ ၁၃ ရက်မြောက်နေ့တွင် ပူဇော် ပသကြသည်။ ကံဇာတာများကောင်းမွန် စေရန်နှင့် ကောက်ပဲသီးနှံတို့အထွက်တိုးစေရန်အတွက် ထိုသို့ ရိုးရာဓလေ့ ဖြင့် ပူဇော်ပသကြခြင်းဖြစ်သည်။ ငါးမျှားခြင်း၊ ငါးအစိမ်းစားခြင်းနှင့် ငါးအရေခွံအဝတ်အစားများ ဝတ်ဆင်ခြင်းဓလေ့များမှာ ၎င်းတို့လူမျိုးစု၏ အဓိက ယဉ်ကျေးမှုပုံစံပင်ဖြစ်သည်။ ဟေ့ကျန့်လူမျိုးစုများမှာ တရုတ်နိုင်ငံ၏ ငါးဖမ်းစားသောက်သည့် တစ်ခုတည်းသော လူနည်းစု လည်းဖြစ်သည်။(Xinhua)