Videos
ပိုးလမ်းမကြီးဆိုင်ရာ အသိဉာဏ်ပညာ မီးရှူးတန်ဆောင် အပိုင်း (၂)
ပေကျင်း၊ မေ ၇ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်သည် ၂ဝ၁၃ ခုနှစ် စက်တင်ဘာလ ၇ ရက်က ကာဇက်စတန်နိုင်ငံ နာဇာဘာရက် တက္ကသိုလ်တွင် တရုတ်နိုင်ငံ နှင့် အာရှတိုက် အလယ်ပိုင်း တို့ အတူတကွ ရပ်ဝန်းနှင့် ပိုးလမ်းမ စီးပွားရေး ဆိုင်ရာလမ်းကြောင်းတစ်ခုကို ဖော်ဆောင်ကာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် အဆိုပြုချက်တစ်ရပ်ကို တင်သွင်းခဲ့သည်။
၂ဝ၁၃ ခုနှစ် အောက်တိုဘာလ ၃ ရက်တွင် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အင်ဒိုနီးရှား လွှတ်တော်၌ ၂၁ ရာစု ပင်လယ်ရေကြောင်းဆိုင်ရာ ပိုးလမ်းမကြီးလမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်မည့် အဆိုပြုချက်ကို တင်သွင်းခဲ့သည်။
ပိုးလမ်းမကြီး စီးပွားရေးလမ်းကြောင်းနှင့် ၂၁ ရာစု ပင်လယ်ရေကြောင်း ပိုးလမ်းမကြီး နှစ်ခုစလုံးကို ပိုးလမ်းမကြီး အစပျိုးဖော်ဆောင်မှုအဖြစ် ရည်ညွှန်းသတ်မှတ်သည်။
တစ်ကမ္ဘာလုံးရှိ ပညာရှင်များကလည်း ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက် ကို အထူး အာရုံစိုက်လျက်ရှိသည်။
၎င်းတို့သည် အဆိုပါ ရပ်ဝန်းနှင့် ပိုးလမ်းမ အဆိုပြုချက်ဆိုင်ရာ ကဏ္ဍများကို တက်ကြွစွာ လေ့လာပြီး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆောင်ရွက်လျက်ရှိသည်။
ပိုးလမ်းမကြီးဆိုင်ရာ အသိဉာဏ်ပညာ မီးရှူးတန်ဆောင် အပိုင်း(၂) ထဲတွင် ရုရှားနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ပါကစ္စတန်နိုင်ငံ၊တောင်ကိုရီးယားနိုင်ငံနှင့် တောင်အာဖရိကနိုင်ငံ တို့မှ တတ်သိပညာရှင်များနှင့် ၎င်းတို့၏ အမြင်များကို ဖော်ပြထားပါသည်။(Xinhua)