Videos
ပီရူးနိုင်ငံ၏ ရိုးရာ ကတ်ကြေးအက
နယူးယောက်၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ဘရွတ်ကလင်းတွင်ကျင်းပခဲ့သည့် ကမ္ဘာမြေနေ့အခမ်းအနားတွင် ပီရူးနိုင်ငံ၏ ရိုးရာ ကတ်ကြေးအကဖြင့် ကပြဖျော်ဖြေခဲ့ရာ ဧည့်ပရိသတ်များစွာ၏ တခဲနက် အားပေးမှုရရှိခဲ့သည်။ ကတ်ကြေးအကမှာ ပီရူးနိုင်ငံ တောင်ပိုင်း Andes လူမျိုးတို့၏ ရိုးရာ အက တစ်မျိုးဖြစ်ပြီး အကသမား ၂ ဦး သို့မဟုတ် ၂ ဦးထက် ပိုမို ပါဝင်ကပြကြသည်။ တနည်းအားဖြင့် ပါဝင်ကပြသူများ၏ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ သန်စွမ်းကျန်းမာမှုတို့ကို ထင်ဟပ်စေသည့် ပီရူးလူမျိုးတို့၏ ကတ်ကြေးအက ကို ၂ဝ၁ဝ ပြည့်နှစ်တွင် UNESCO က ထိန်းသိမ်းစောင့်ရှောက်ရမည့် တိုင်းရင်းသားရိုးရာအမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။ (Xinhua)