Connect with us

Videos

ပူတင်က ယူကရိန်းအရေး ဆွေးနွေးရန် အစ္စရေးနှင့် ဂျာမနီ ခေါင်းဆောင်များထံ ဖုန်းဖြင့်ဆက်သွယ်

မော်စကို၊မတ် ၂၅ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံ သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးက ယူကရိန်းနိုင်ငံအပေါ် အထောက်အပံ့များထပ်မံပေးရန်နှင့် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများထပ်မံလုပ်ဆောင်ရန် ပြင်သစ်အမျိုးသားလွှတ်တော်၌ ရုပ်သံလင့်ခ်ဖြင့် မိန့်ခွန်း ပြောကြားခဲ့သလို ရုရှားနိုင်ငံ သမ္မတ ဗလာတီမာပူတင်က မတ် ၂၃ ရက်နေ့တွင် အစ္စရေးနိုင်ငံနှင့် ဂျာမနီနိုင်ငံ ခေါင်းဆောင်များနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ကြောင်း သိရသည်။ရုရှားနိုင်ငံ သမ္မတ ပူတင်က အစ္စရေးနိုင်ငံဝန်ကြီးချုပ် Naftali Bennett နှင့် မတ် ၂၃ ရက် (ဗုဒ္ဓဟူးနေ့)၌ ယူကရိန်းအရေးကိုဆွေးနွေးရန် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့သည်။
Bennett က ယူကရိန်းအရေးနှင့်စပ်လျဉ်းပြီး ၎င်း၏ ထင်မြင်ယူဆချက်နှင့် လတ်တလောလုပ်ဆောင်နေသည့် ရုရှားနိုင်ငံနှင့် ယူကရိန်းနိုင်ငံကိုယ်စားလှယ်များအကြား ညှိနှိုင်းဆွေးနွေးမှုအခြေအနေများကို ပြောကြားခဲ့ကြောင်း ကရင်မလင်နန်းတော်၏ ထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

မော်စကို-ကိဗ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှင့် ယူကရိန်းနိုင်ငံတွင် လုပ်ဆောင်လျက်ရှိသည့် ရုရှားနိုင်ငံ၏ အထူးစစ်ဆင်ရေး ဖြစ်ပေါ်မှုအခြေအနေများအပေါ် ပူတင်က ၎င်း၏အမြင်များကို မျှဝေခဲ့ကြောင်း ထုတ်ပြန်ချက်၌ ထည့်သွင်းဖော်ပြခဲ့သည်။

ထိုနေ့အစောပိုင်းတွင် ပူတင်က ဂျာမနီနိုင်ငံဝန်ကြီးချုပ်ဖြစ်သူ Olaf Scholz နှင့်လည်း အလားတူ အရေးကိစ္စအပေါ် တယ်လီဖုန်းဖြင့်ဆွေးနွေးခဲ့သည်။
ယူကရိန်းနိုင်ငံသမ္မတ ဇယ်လန်းစကီးက မတ် ၂၃ ရက်တွင် ပြင်သစ်နိုင်ငံ အမျိုးသားလွှတ်တော်၌ ရုပ်သံလင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားရာတွင် ပြင်သစ်နိုင်ငံမှ ယူကရိန်းနိုင်ငံသို့ စစ်လက်နက်များ နှင့် စစ်လေယာဉ်များ ထောက်ပံ့ပေးရန်နှင့် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်မံလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။
အဆိုပါနေ့၌ပင် ယူကရိန်းနိုင်ငံ သမ္မတရုံး သတင်းထုတ်ပြန်ရေးက ယူကရိန်း ကိုယ်စားလှယ်များအနေဖြင့် ရုရှားနိုင်ငံ နှင့် စေ့စပ်ညှိနှိုင်းမှုများလုပ်ဆောင်ရာ၌ ဒေသ ၄ ခုတွင် လူသားချင်းစာနာမှုဆိုင်ရာ စင်္ကြံအသစ်များကို တည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ဇယ်လန်းစကီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြသည့် သတင်းထုတ်ပြန်မှုထဲတွင် ယူကရိန်းနိုင်ငံအနေဖြင့် နိုင်ငံအလယ်ပိုင်း ကိဗ်ဒေသ၊ အရှေ့ပိုင်း ခွာကစ်ဗ် (Kharkiv) နှင့် လူးဟန့်စ်ခ် (Luhansk) ဒေသ နှင့် နိုင်ငံတောင်ပိုင်း ဇာပိုရေဇီးယား ဒေသများရှိ အရပ်သားများ ဘေးလွတ်ရာရွှေ့ပြောင်းနိုင်စေမည့် လမ်းကြောင်းများကို ထူထောင်လိုကြောင်း သိရသည်။

ထို့အပြင် အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် ယူကရိန်းနိုင်ငံ၌ လူသားချင်းစာနာထောက်ထားမှုအခြေအနေနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်ခုမှ ချမှတ်နိုင်ခြင်းမရှိခဲ့ချေ။

ရုရှားနိုင်ငံ က တင်သွင်းသည့် အဆိုပြုချက်ကို အဖွဲ့ဝင် နှစ်နိုင်ငံက သဘောတူခဲ့ပြီး ကျန်အဖွဲ့ဝင် ၁၃ နိုင်ငံက ကြားနေခဲ့သည်။ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် အတွက် အနည်းဆုံး နိုင်ငံပေါင်း ၉ နိုင်ငံက သဘောတူညီရန်လိုအပ်ပြီး ရုရှား ၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ်နှင့် အမေရိကန်တို့မှ ဗီတိုအာဏာအသုံးပြုခွင့်မရှိကြောင်းသိရသည်။
အမေရိကန်နိုင်ငံအနေဖြင့် မော်စကို-ကိဗ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လျင်မြန်စွာ ပြီးစီးသွားမည်ကိုမလိုလားသည့်အပြင် ရုရှားနိုင်ငံအား ကာလရှည်စစ်ပွဲနွံနစ်စေချင်ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။

“ဒီ(ညှိနှိုင်းဆွေးနွေးမှု) လုပ်ငန်းစဉ် က မြန်မြန်ဆန်ဆန် အဆုံးသတ်သွားရင် အမေရိကန်တို့အဖို့ အကျိုးမရှိနိုင်ဘူး။ သူတို့က ယူကရိန်းနိုင်ငံကို လက်နက်တွေဆက်ပြီးပို့နေချင်သေးတာလေ” ဟု လက်ဗရော့က ရုရှားနိုင်ငံ MGIMO တက္ကသိုလ် ၌ ကျောင်းသားများဆရာများနှင့်တွေ့ဆုံဆွေးနွေးမှုအတွင်းပြောကြားခဲ့သည်။
ဆင်ဟွာသတင်းထောက်များက မော်စကိုမှ သတင်းပေးပို့နေခြင်းဖြစ်သည်။(Xinhua)

……………………..
(English Version)
Putin holds phone talks with Bennett, Scholz to discuss Ukraine crisis
Russian President Vladimir Putin held phone talks with leaders of Israel and Germany on Wednesday, while Ukrainian President Volodymyr Zelensky addressed the French National Assembly via video link, asking for more support to Ukraine and more sanctions against Russia.
President Putin held a telephone conversation with Israeli Prime Minister Naftali Bennett on Wednesday to discuss the Ukrainian situation.
Bennett voiced his assessments of the situation regarding Ukraine and the ongoing negotiation process between Russian and Ukrainian delegations, the Kremlin said in a brief statement.
Putin shared his views on the Moscow-Kiev peace talks and the development of Russia’s special military operation in Ukraine, it added.
Earlier in the day, Putin had a telephone conversation with German Chancellor Olaf Scholz to discuss the same issue.
Ukrainian President Zelensky on Wednesday addressed the French National Assembly via video link, asking France to support Ukraine with military equipment and aircraft and called on France to add sanctions against Russia.
Also on Wednesday, Ukraine’s presidential press service said that Ukrainian representatives are seeking to establish new humanitarian corridors in four regions in negotiations with Russia.
Quoting Zelensky, the press service said that Ukraine seeks to establish new routes for evacuation of civilians in the Kiev region in central Ukraine,
Kharkiv and Lugansk in eastern Ukraine and
Zaporizhzhia in the southern part of the country.
Meanwhile, the 15-member United Nations Security Council failed to adopt a resolution on the humanitarian situation in Ukraine.
Two members voted in favor of the text submitted by Russia, and 13 others abstained. A Security Council resolution needs at least nine votes in favor and no vetoes by Russia, China, Britain, France or the United States to be adopted.
Russian Foreign Minister Sergei Lavrov said Wednesday that the United States would not like to see a rapid completion of the Moscow-Kiev peace talks but hopes that Russia is mired in prolonged hostilities.
“It is unprofitable for Americans that this (negotiation) process will be completed quickly. They want to continue to send weapons to Ukraine,” Lavrov said during a meeting with students and teachers of Russia’s MGIMO University.
Xinhua News Agency correspondents reporting from Moscow.
(XHTV)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.