Connect with us

Videos

ပေကျင်းဟွန်ဒိုင်းကားထုတ်လုပ်ရေးစက်ရုံ စတင်လည်ပတ်

ဟေပေ၊ အောက်တိုဘာ ၂ဝ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်တွင် ပေကျင်းဟွန်ဒိုင်းမော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံ ကို အောက်တိုဘာလ ၁၈ ရက်နေ့က ဖွင့်လှစ်လည်ပတ်ခဲ့သည်။

၎င်းမှာ ပေကျင်းမြို့အပြင် အခြားပြည်နယ်အတွင်း မော်တော်ယာဉ်တစ်စီးလုံးကို ထုတ်လုပ်ပေးနိုင်မည့် ပထမဆုံး စက်ရုံလည်းဖြစ်သည်။ ထိုစက်ရုံမှာ ချန်းကျိုးမြို့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်တွင်တည်ရှိပြီး နှစ်စဉ် မော်တော်ယာဉ်အစီးရေပေါင်း ၃ဝဝဝဝဝ စီးနှင့် အင်ဂျင်ပေါင်း ၂ဝဝဝဝဝ တို့ကို ထုတ်လုပ်ပေးလျက်ရှိသည်။

ပေကျင်းဟွန်းဒိုင်း ကုမ္ပဏီသည် တရုတ်နိုင်ငံပေကျင်း မော်တော်ယာဉ်ထုတ်လုပ်ရေးကုမ္ပဏီနှင့် ကိုရီးယားနိုင်ငံ၏ အကြီးဆုံးမော်တော်ကားထုတ်လုပ်ရေးလုပ်ငန်း ဖြစ်သည့် ဟွန်ဒိုင်းကုမ္ပဏီနှင့် အကျိုးတူပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပေကျင်းတွင် စက်ရုံ ၃ ရုံခန့်ရှိပြီဖြစ်သည်။

ချန်းကျိုးစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းကို ၂ဝ၁၅ ခုနှစ် ဧပြီလတွင် စတင်ခဲ့ပြီး ကုန်ကျငွေ ယွမ် ၁၂ ဘီလီယံရှိခဲ့သည်။ စက်ရုံမှ ဆီဒင်ကားအလတ်စားများအပြင် လျှပ်စစ်မော်ဒယ်များပါဝင်သည့် SUV ကားများကို ထုတ်လုပ်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.