Videos
ပေကျင်း-ရှုံအန်း မြို့ချင်းဆက် ရထားလမ်း လမ်းကြောင်းချခြင်း လုပ်ငန်း ပြီးစီးပြီဖြစ်
ပေကျင်း၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ပေကျင်း-ထျန်းကျင်း-ဟဲပေ ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍတွင် အရေးပါသည့် အဓိက စီမံကိန်းကြီးတစ်ခုဖြစ်သော ပေကျင်း- ရှုံအန်း မြို့ချင်းဆက် ရထားသံလမ်းလမ်းကြောင်းချခြင်း လုပ်ငန်းသည် ဩဂုတ် ၁၇ ရက်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်းသိရသည်။
၎င်းသည် ဟဲပေပြည်နယ်အနီးရှိ ရှုံအန်းမြို့သစ်ဧရိယာနှင့် တရုတ်နိုင်ငံ ၏ မြို့တော် ပေကျင်း တာ့ရှင်းနိုင်ငံတကာ လေဆိပ်အပါအဝင်မှ ပေကျင်းမြို့ အစွန်အဖျားရှိ အခြား မြို့များသို့ ချိတ်ဆက်ပြေးဆွဲမည့် အရေးပါသည့် မြို့ချင်းဆက် ရထားလမ်းတည်ဆောက်ရေး စီမံကိန်းတစ်ခုလည်းဖြစ်သည်။
တာ့ရှင်းခရိုင် လီယင်းရထားဘူတာမှ တာ့ရှင်းလေဆိပ်သို့ပြေးဆွဲမည့်ရထားလမ်းပိုင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင်စတင် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး မြန်နှုန်းအားဖြင့် တစ်နာရီလျှင် ၂၅၀ ကီလိုမီတာ အထိ သွားလာနိုင်ရန် တည်ဆောက်ထားသည်။ ရထားများသည် ပေကျင်းအနောက်ပိုင်းရထားဘူတာမှသည် လီယင်းဘူတာဆီသို့ ပေကျင်း-ကောင်လွန်း ရထားလမ်းမှ တစ်ဆင့်ပြေးဆွဲကြမည်ဖြစ်သည်။
တာ့ရှင်းလေဆိပ်မှ ရှုံအန်း မြို့သစ်သို့ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲမည့် ရထားလမ်းကို ယခုနှစ်ကုန်တွင်ဖွင့်လှစ်ရန်လျာထားသည်။ ထိုရထားလမ်းဖွင့်လှစ်ပြီးစီးပါက ပေကျင်းမြို့စွန်မှသည် ရှုံအန် မြို့သစ်ဧရိယာများသို့ သွားလာရန်ကြာမြင့်ချိန်ကို တစ်နာရီခန့်ထိ လျှော့ချပေးနိုင်မည်ဖြစ်သည်။
တရုတ်နိုင်ငံက ရှုံအန်းမြို့သစ်တည်ဆောက်မည့် အစီအမံများကို ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက်တွင် ကြေညာခဲ့ပြီး ပေကျင်း မြို့တော်အနေဖြင့် ၎င်း၏ မရှိမဖြစ် အနေအထားတစ်ရပ်ကို လျှော့ချ အတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)