Connect with us

Videos

ပေကျင်း ၂၀၂၂ အားကစားပွဲတွင်အောင်မြင်မှုရရန် ဆန္ဒနှင့်အတူ ဂရိနိုင်ငံမှ ဆောင်းရာသီအိုလံပစ် အားကစားအဖွဲ့ ထွက်ခွါလာ

အေသင်၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

ဂရိနိုင်ငံမှ ဆောင်းရာသီအိုလံပစ် အားကစားအဖွဲ့ သည် အောင်မြင်မှုများကို ဆွတ်ခူးရန် ဇန်နဝါရီ ၃၀ ရက်နေ့တွင် အေသင်မြို့မှ ပေကျင်းမြို့သို့ထွက်ခွါလာခဲ့သည်။
ဂရိနိုင်ငံ ကိုယ်စားပြု အားကစားသမား ၅ ဦး အတွက် ဇန်နဝါရီ ၂၉ ရက်တွင် အေသင်မြို့၌ အခမ်းအနားတစ်ရပ်ကျင်းပပြီး တာဝန်ရှိသူများက ဆုတောင်းစကားများ ပြောကြားခဲ့သည်။

အခမ်းအနားတွင် Hellenic အိုလံပစ်ကော်မတီ (HOC) ဥက္ကဌနှင့် နိုင်ငံတကာအိုလံပစ်ကော်မတီ IOC အဖွဲ့ဝင် တစ်ဦးဖြစ်သူ Spyros Capralos က ကပ်ရောဂါ စိန်ခေါ်မှုများကြား၌ ဘေးကင်းပြီးအောင်မြင်သည့် အားကစားပြိုင်ပွဲများကျင်းပနိုင်ရေး ကို အားကစားပွဲကျင်းပရေး တာဝန်ရှိသူများက ဆောင်ရွက်ပေးသွားမည်မှာအသေအချာဖြစ်ကြောင်းအလေးအနက်ထားပြောကြားခဲ့သည်။

ဂရိနိုင်ငံ ယဉ်ကျေးမှုနှင့်အားကစားဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Lefteris Avgenakis က ၂၀၀၈ ခုနှစ် နွေရာသီ အိုလံပစ်အားကစားပြိုင်ပွဲများကျင်းပခဲ့သည့် အမွေအနှစ်နေရာများ တွင် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲကျင်းပမည့် ခန်းမများအဖြစ်ပြောင်းလဲ ဖန်တီးနိုင်ခဲ့ခြင်းအပေါ် ဂုဏ်ပြုစကားပြောကြားခဲ့သည်။

ဂရိနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး Xiao Junzheng က အောင်မြင်သည့် ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲတစ်ခုကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခြင်းသည် တရုတ်နိုင်ငံက နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ထားရှိခဲ့သော ခိုင်မာသည့် ကတိကဝတ်ကို ပြသခြင်းဖြစ်သည့်အပြင် အိုလံပစ်စိတ်ဓါတ်ကို လက်ဆင့်ကမ်းသယ်ဆောင်ခြင်းလည်းဖြစ်ကြောင်း ဆိုသည်။

“ပေကျင်းအိုလံပစ်ပြိုင်ပွဲတွေက သာလွန်ထူးခြားမယ်လို့ မျှော်လင့်ပါတယ် ၊ ပွဲစီစဉ်ကျင်းပသူတွေကလည်း သိပ်ကိုထူးခြားကောင်းမွန်စွာလုပ်ဆောင်ထားမယ်လို့ယုံကြည်ပါတယ် ၊ နောက်ပြီး ကျွန်မအနေနဲ့ အဲဒီပွဲတွေအားလုံးကို ဖွင့်ပွဲအခမ်းအနားမှာ ကျွန်မတို့နိုင်ငံရဲ့ အလံကို မြှောက်ကိုင်ပြီး (အားကစားခန်းမထဲ) ပထမဆုံး ဝင်ရောက်ပြီး လေ့လာနိုင်ဖို့မျှော်လင့်ပါတယ် ၊ နောက်ပြီးတရုတ်နိုင်ငံက ပြည်သူတွေအနေနဲ့လည်းအားကစားပြိုင်ပွဲတွေကိုကျေနပ်လိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟု ဂရိနိုင်ငံမှအားကစားသမား Maria Danou က ဆင်ဟွာသို့ပြောကြားခဲ့သည်။

Danou သည် ဖွင့်ပွဲအခမ်းအနားတွင် ဂရိနိုင်ငံတော်အလံကို သယ်ဆောင်မည့် အားကစားသမား နှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။ အလံကို ကိုင်ဆောင်မည့် နောက်ထပ်အားကစားသမားတစ်ဦးမှာ Ioannis Antoniou ဆိုသူဖြစ်ပြီး ဂရိနိုင်ငံအနောက်ပိုင်းတွင် ပြီးခဲ့သည့် ဆောင်းဦးရာသီက ရှေးဟောင်းအိုလံပီယာ ဒေသတွင် မီးထွန်းညှိခြင်းအခမ်းအနား ကျင်းပခဲ့ပြီးနောက် ၂၀၂၂ အားကစားပြိုင်ပွဲများအတွက် အိုလံပစ် မီးရှူးတိုင်အား ပထမဆုံးကိုင်ဆောင်ခဲ့သူတစ်ဦးဖြစ်သည်။

Antoniou က “ကျွန်တော်ကတော့ တရုတ်နိုင်ငံကို ပျော်စရာနှစ်သစ်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်၊ တရုတ်ရိုးရာ နှစ်သစ်ကူးကလည်းစနေပြီဆိုတော့လေ။ ကျွန်တော်တို့ အနေနဲ့ ပွဲစီစဉ်သူတွေကို ကျေးဇူးသိပ်တင်ပါတယ် ၊ ဒါကိုစီစဉ်ရတာ သိပ်ကိုခက်ခဲတယ်ဆိုတာကျွန်တော်တို့သိပါတယ် ။ နောက်ပြီး စေတနာ့ဝန်ထမ်းတွေကိုလည်းကျေးဇူးတင်ပါတယ်၊ သူတို့အတွက်လည်း မလွယ်လှပါဘူး ။ အားလုံးနဲ့ မကြာခင် ဆုံတွေ့ဖို့မျှော်လင့်ပါတယ်။ အားလုံး ကံကောင်းကြပါစေလို့ဆုတောင်းပါတယ်နော်” ဟု ဆိုသည်။ဂရိအားကစားပြိုင်ပွဲ အသင်းဝင် များ တွင် နှင်းလျှောစီး အားကစားပြိုင်ပွဲဝင် Maria-Eleni Tsiovolou ၊ နိုင်ငံဖြတ်ကျော် စကိတ်စီးသမားများဖြစ်ကြသည့် Nefeli Tita နှင့် Apostolos Angelisတို့ပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ပြိုင်ပွဲဝင်အားကစားသမား Maria-Eleni Tsiovolou က ဒီအိုလံပစ်အားကစားပြိုင်ပွဲတွေဟာ အိုလံပစ်သမိုင်းတစ်လျှောက်အကောင်းဆုံးအိုလံပစ်အားကစားပြိုင်ပွဲတွေဖြစ်ပါစေလို့ ကျွန်မ စိတ်ရင်းနဲ့ဆုတောင်းပေးပါတယ်။ အားလုံးကျန်းမာပြီးတော့ အပြုံးပန်းတွေ ဝေဆာကြပါစေလို့လည်းဆုတောင်းပေးပါတယ် ဟုဆိုသည်။
ပြိုင်ပွဲဝင်အားကစားသမား Nefeli Tita ကကျွန်မတို့အနေနဲ့ အိုလံပစ်အားကစားပြိုင်ပွဲတွေမှာ ပါဝင်နိုင်မယ့် အားကစားသမားတွေရဲ့ အိပ်မက်တွေကို ဖန်တီးပေးတဲ့ ပွဲစီစဉ်ကျင်းပသူတွေကိုကျေးဇူးတင်ပါတယ်၊ အားလုံး ကောင်းကောင်းမွန်မွန်နဲ့ပြီးစီးပြီး အခက်အခဲ ဆိုသမျှ လုံးဝ မရှိကြစေဖို့ကျွန်မ ဆုတောင်းပေးပါတယ် ဟုဆိုသည်။

အိုလံပစ်မီးရှူးတိုင်ထွန်းညှိခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားများကျင်းပရေး ကကွက်နှင့်အနုပညာဒါရိုက်တာဖြစ်သူ Aretmis Ignatiou က အလွန်ကြီးကျယ်ပြီး အောင်မြင်တဲ့ဆောင်းရာသီအားကစားပြိုင်ပွဲတွေဖြစ်စေဖို့ ကျွန်မ ရှင်တို့အားလုံးကိုဆုတောင်းပေး ပါတယ်။ နောက်ပြီး တရုတ်နိုင်ငံသားတွေကိုလည်း‌ မျှော်လင့်ချက်တွေပြည့်စုံပြီး‌ပျော်ရွှင်အောင်မြင်တဲ့ ကျားနှစ်သစ်ဖြစ်တဲ့ တရုတ်နှစ်သစ်ကူးအခါသမယကိုပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးပါတယ် ဟုဆိုသည်။

အိုလံပစ်မီးရှူးတိုင်ထွန်းညှိခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားတက်ရောက်ခဲ့သည့် ဂရိမင်းသမီး Xanthi Georgiou က ပေကျင်းမြို့အတွက် ကံကောင်းပါစေလို့ လှိုက်လှဲစွာဆုတောင်းပါတယ် ဟုဆိုသည်။ (Xinhua)

………………….
(English Version)
GLOBALink | Greek Winter Olympic delegation departs for Beijing 2022 with wishes for success

ATHENS, Feb. 1 (Xinhua) — Greece’s Winter Olympic delegation departed from Athens on Sunday for Beijing, carrying warm wishes for success.

The five athletes who will represent Greece received wishes of officials here during an event on Saturday.

Addressing the event, Spyros Capralos, Hellenic Olympic Committee (HOC) President and International Olympic Committee (IOC) member, reiterated confidence that organizers will offer a safe and successful Games overcoming the challenges of the pandemic.

Lefteris Avgenakis, Greece’s Deputy Minister of Culture and Sports, congratulated the organizers for building on the legacy of the 2008 Summer Olympic Games in adapting venues.

Xiao Junzheng, China’s ambassador to Greece, stressed that hosting a successful Olympic Winter Games is both China’s solemn commitment to the international community and to carry on the Olympic spirit.

“I expect the Beijing Olympics to be remarkable. The organizers I’m sure have done an amazing job and I look forward to experiencing it all, to be the first to enter [the stadium] in the opening ceremony raising the colors of our country and I hope that Chinese people will enjoy the Games,” Greek athlete Maria Danou told Xinhua.

Danou will be one of the two athletes carrying the Greek national flag during the opening ceremony. The other flagbearer will be Ioannis Antoniou, who was also the first torchbearer of the Olympic Flame for the 2022 Games, after the lighting ceremony in ancient Olympia in western Greece last autumn.

“I wish a Happy New Year to China, since the [Chinese] New Year is about to start. We thank the organizers very much. We know it is very difficult. We thank the volunteers. It is not at all easy for them. I hope to see you soon. Good luck to everyone,” Antoniou said.

Maria-Eleni Tsiovolou, who will compete in Alpine skiing, and cross-country skiers Nefeli Tita and Apostolos Angelis complete the Greek team.

“We thank the organizers who make the dream of many athletes come true, that is, to participate in the Olympics. I wish that everything will go well and that there will be no difficulties,” Tita told Xinhua.

Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.