Connect with us

Videos

ပေါ်တူဂီတွင် ဘောလုံးစတား စီရော်နယ်ဒို ဟိုတယ်တစ်လုံးကို ဒုတိယကြိမ်မြောက်ရင်းနှှီးမြှုပ်နှံ

လစ္စဘွန်း၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)
ပေါ်တူဂီဘောလုံး စတား တစ်ဦးဖြစ်သည့် ခရစ္စတီယာနို ရော်နယ်ဒိုက ရှယ်ယာ တစ်စိတ်တစ်ပိုင်း ပိုင်ဆိုင်သော ဒုတိယမြောက် Pestana CR7 ဟိုတယ် အား ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၌ သြဂုတ် ၁၆ ရက်တွင် ဖွင့်လှစ်သွား မည်ဟု သိရသည်။
ထို ဟိုတယ် သည် Tagus မြစ်ကမ်းအနီး နာမည်ကျော် စီးပွားရေးရင်ပြင်ဘေး လစ္စဘွန်းမြို့လယ်ခေါင်တွင် တည်ရှိပြီး ဟိုတယ် ၏ ခေါင်မိုးအခန်း မှ လစ္စဘွန်းမြို့၏ လှပသည့် ရှုခင်းများကို ကြည့်ရှုနိုင်ကြောင်း သိရသည်။
၎င်း ပထမဆုံးအကြိမ်ရင်းနှီးမြှုပ်နှံထားသည့် Madeira ကျွန်း ရှိ Pestana CR7 ဟိုတယ်အား ဇူလိုင် ၁ ရက်တွင် ဖွင့်လှစ်ခဲ့ပြီး အခြား ဆက်စပ် ဟော်တယ် ၂ခုကိုလည်း နယူးယောက်မြို့နှင့် မက်ဒရစ်မြို့များ ၌ ၂ဝ၁၇ခုနှစ် အတွင်းဖွင့်လှစ်သွားရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.