Videos
ပဲရစ် သဘောတူညီချက်မှ အမေရိကန် နုတ်ထွက်မည်
ဝါရှင်တန်၊ ဇွန် ၂ ရက် (ဆင်ဟွာ)
ရာသီဥတုပြောင်းလဲခြင်း တိုက်ဖျက်မည့် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် တစ်ခုဖြစ်သော ပဲရစ် သဘောတူညီချက်မှ အမေရိကန်နိုင်ငံ နုတ်ထွက် မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ဇွန်လ ၁ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ သဘောတူညီချက်သည် အမေရိကန် အစိုးရအတွက် ငွေကြေးနှင့် စီးပွားရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို ငြိမ်းအေးသွားစေရန်အတွက် လုပ်ဆောင်ခြင်း ဖြစ် ပြီး ပဲရစ် သဘောတူညီချက်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် စဉ်းစားကောင်း စဉ်းစားမည် ဖြစ်သော်လည်း ၎င်းတို့ အစိုးရအဖွဲ့၏ ထိပ်တန်း ဦးစားပေး အချက်အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း အိမ်ဖြူတော် နှင်းဆီဥယျာဉ်၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထရမ့်က ပြောကြားခဲ့သည်။(Xinhua)