Connect with us

Videos

ပြည်တွင်းဖြစ်သံလိုက်မိုးပျံရထားစတင်ပြေးဆွဲ

ချန်ရှ၊ မေလ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် မြန်နှုန်း အလယ်အလတ်အဆင့် ရှိသည့် သံလိုက်မိုးပျံရထား ကို မေလ ၆ ရက် နေ့က တရုတ်နိုင်ငံအလယ်ပိုင်းချန်းရှ မြို့၌ စတင်ပြေးဆွဲလျက်ရှိသည်။

အဆိုပါ ရထားလိုင်းသည် ချန်းရှ တောင်ပိုင်းရထားဘူတာမှ လေဆိပ်အထိ တိုက်ရိုက်ပြေးဆွဲပြီး ကြားဘူတာ တစ်ခုသာရပ်နားထားသည်။

၁၈.၅၅ ကီလိုမီတာခရီးအတွက် ကြာချိန်စုစုပေါင်း ၁၉ မိနစ်ခွဲ ဖြစ်သည်။

၁နာရီ ကီလိုမီတာ ၁ဝဝ အမြန်ဆုံးပြေးဆွဲနိုင်သည့် ရထားတွင် လူပေါင်း ၃၆၃ ဦး စီးနင်းလိုက်ပါနိုင်ပြီး ရထားလက်မှတ်တန်ဖိုးမှာ ခရီးစဉ်တစ်ကြောင်းကို ယွမ် ၂ဝ (၃ ဒေါ်လာခန့် )ကျသင့်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.