Videos
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့ ၌ နိုင်ငံအကြီးအကဲများမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေး ညီလာခံ ပထမနေ့၏ ပထမပိုင်း၌ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ အဖွင့် မိန့်ခွန်း ပြောကြားပြီး ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး တို့မှ နှုတ်ခွန်းဆက် စကား အသီးသီး ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) ပြဌာန်းချက်များ အရ နိုင်ငံရေး ဆွေးနွေးပွဲများ စတင် ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) ကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ငါးရက်ကြာ ကျင်းပမည် ဖြစ်သည်။ ယခု ညီလာခံကြီးမှ စတင်၍ နိုင်ငံရေး ဆွေးနွေးပွဲများတွင် နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွားရေး ၊ လုံခြုံရေး ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ မူဝါဒများ ဆိုသည့် အကြောင်းအရာများကို နိုင်ငံရေး ဆွေးနွေးမှုများ ဆိုင်ရာ မူဘောင်များအတိုင်း ဆွေးနွေးကြမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)