Connect with us

Videos

မီးသင့်ခဲ့သော မင်္ဂလာဈေးသို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် သွားရောက် စစ်ဆေး

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ရက် (ဆင်ဟွာ)

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက မီးလောင်ကျွမ်းခဲ့သည့် ရန်ကုန်မြို့ မင်္ဂလာ တောင်ညွှန့် မြို့နယ်ရှိ အဆင့်မြင့် မင်္ဂလာဈေးသို့နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဇန်နဝါရီ ၁၁ ရက် မွန်းလွဲပိုင်း အချိန်တွင် သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

မင်္ဂလာဈေးမီးလောင်ကျွမ်း ဆုံးရှုံးခဲ့သည့် အခြေအနေများနှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် အစိုးရ အဖွဲ့တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မီးလောင်ဆုံးရှုံးခဲ့သည့် မင်္ဂလာဈေးမှ ဈေးသူ ဈေးသားများနှင့် တွေ့ဆုံ၍ ဈေးသစ်ပြန်လည် တည်ဆောက်မည့် အခြေအနေများ ၊ ယာယီဈေးသို့ဆိုင်ခန်း ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေ ၊ ချေးငွေများ ထုတ်ချေး ပေးသွားမည့် အစီအစဉ်များကို တွေ့ဆုံ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် မင်္ဂလာဈေးကြီးသည် ဇန်နဝါရီလ ၉ရက်နေ့မနက် ၁နာရီ မိနစ် ၂၀ ခန့်က စတင်ကာ လောင်ကျွမ်းချိန် ၆ နာရီကျော် ကြာမြင့်ခဲ့ သည်။ မီးလောင်ကျွမ်းမှုက ဆိုင်ခန်းပေါင်း ၁၆၃၆ခန်းထိ ကူးစက်ခဲ့ ကာ မီးလောင်မှု ကြောင့် စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၃၆,၆၀၂ သိန်းဖိုး ပျက်စီးဆုံးရှုံးမှု ရှိခဲ့တယ် လို့ သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.