Connect with us

Videos

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ နှင့် တရုတ်နိုင်ငံ တိဘက် ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့တွေ့ဆုံ

နေပြည်တော် ၊ ဇွန် ၁၉ ရက်(ဆင်ဟွာ)

ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် နှင့် တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့တို့သည် ဇွန် ၁၈ ရက်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ၌ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းအောင် (ခ)ဦးထွန်းထွန်းဟိန် နှင့်အတူ ပြည်သူ့လွှတ်တော် နှင့် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီမှ ကော်မတီ အဖွဲ့ဝင် ကိုယ်စားလှယ်များ ၊ လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထို့အတူ တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကော်မတီ အတွင်းရေးမှူး ဦးဘိုဘိုဦး အပါအဝင် အဖွဲ့ဝင်များနှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

တရုတ်နိုင်ငံ တိဘက် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၏ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် အဖွဲ့ဝင် ၊ ရစ်ခါကျယ် မြူနီစပယ် ပြည်သူ့ ကွန်ဂရက်၏ အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ Mr.Cheng Siqu ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော် လွှတ်တော်သို့ရောက်ရှိစဉ် အတွင်း ပြည်သူ့လွှတ်တော် လွှတ်တော် အစည်းအဝေး ခန်းမသို့သွားရောက် လေ့လာခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.