Videos
ဖြစ်တောင့်ဖြစ်ခဲနေကြတ်မှုကြီး မြင်တေ့ွခဲ့ရ
အော်ရီဂွန်၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ) ကြီးကျယ်ခန်းနားသော အမေရိကန် နေကြတ်မှုဟု တင်စားထားသည့် ဖြစ်တောင့်ဖြစ်ခဲ နေကြတ်မှုမြင်ကွင်းကို သြဂုတ်လ ၂၁ ရက်နေ့တွင် အမေရိကတိုက်ရှိ လူများစွာက လေ့လာစောင့်ကြည့်ခဲ့ကြသည်။ ၎င်းနေကြတ်မှုမြင်ကွင်းကို အမေရိကန်နိုင်ငံအတွင်းရှိ ပြည်နယ် ၁၄ ခုတွင် မြင်တွေ့ခဲ့ရသည်။ ထို့အပြင် မက္ကဆီကို စီးတီးတွင် နေအား လမှ တစ်စိတ်တစ်ပိုင်းပိတ်ဆို့နေပုံကို လူထောင်ပေါင်းများစွာက UNIVERSUM သိပ္ပံပြတိုက်အတွင်းရှိ တယ်လီစကုတ်များမှ တစ်ဆင့် စောင့်ကြည့်ခဲ့ကြသည်။ လ သည် နေနှင့် ကမ္ဘာအကြား ဝင်ရောက်လည်ပတ်မှုဖြစ်ပွားပြီးနောက် နေမျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် ဖြစ်စဉ်ကို နေကြတ်ခြင်းဖြစ်စဉ်ဟုခေါ်ကြခြင်းဖြစ်သည်။(Xinhua)