Videos
ဗိုင်ရာဂီရို ကာနေဗယ်ပွဲတော်ကျင်းပခဲ့
တပ်ခ်ဆန်၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)
ဗိုင်ရာဂီရို ကာနေဗယ်ပွဲတော်ဆိုသည်မှာ အီတလီနိုင်ငံ ဗိုင်ရာဂီရို ရှိ တပ်ခ်ဆန် မြို့တွင် နှစ်စဉ်ကျင်းပလျက်ရှိသော ပွဲတော်တစ်ခု ဖြစ်သည်။ အဆိုပါ ပွဲတော်ကို အီတလီ အပြင် ဥရောပ တိုက် တွင် လည်း ကျင်းပကြသည်။
အဆိုပါပွဲတော်၏ အဓိက ကျသော ဖျော်ဖြေမှှုမှာ အရောင်စုံလှပသောပန်းခင်းကြီးများ၊ အရုပ်ကြီးများနှင့် မျက်နှာဖုံးမျိုးစုံဖြင့် ခြယ်သဆင်ယင်ထား မှုများပင်ဖြစ်သည်။ နံမည်ကျော် နိုင်ငံရေးသမားများ၊ အားကစားသမားများနှင့် မျက်လှည့်ပညာရှင်များလည်း ပွဲတော်တွင်ပါဝင်ခဲ့ကြသည်။
ပွဲတော်ကို ၁၈၇၃ ခုနှစ်တွင် ကြွယ်ဝသော အလယ်အလတ်တန်းလူတန်းစား တို့မှ ပန်းပင်လယ်သဖွယ် ပန်းမန်များခြယ်သထားသော ပန်းခင်းကြီးများဖြင့် စီတန်းပြသလိုသည့် အချိန်တွင် အောက်ခြေလူတန်းစားတို့မှ မပေးမနေရစနစ်ဖြင့် တိုးမြင့်လာသည့်အခွန်အခများအား ဆန့်ကျင်သည့်အထိမ်းအမှတ်အဖြစ် မျက်နှာဖုံးများကိုအသုံးပြုခဲ့ရာမှ တစ်ဆင့် နှစ်စဉ် အလေ့အထ တစ်ခုသဖွယ်ကျင်းပလာခဲ့ကြောင်းသိရသည်။ (Xinhua)