Videos
ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ၏ တရားဝင် လည်ပတ်ရေး ခရီးစဉ် ပြီးဆုံး
ဝူဟန့်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ)
ဗြိတိန်ဝန်ကြီးချုပ်ထရီဆာမေ၏ ဇန်နဝါရီလ ၃၁ ရက် မှ ဖေဖော်ဝါရီ ၂ ရက် အထိ တရုတ် နိုင်ငံ သို့တရားဝင် လည်ပတ်မှုခရီးစဉ်ပြီးဆုံးခဲ့ပြီဖြစ်သည်။ ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ထရီဆာမေ ၏ တရုတ် နိုင်ငံ သို့ လာရောက် လည်ပတ်သည့် ခရီးစဉ် သည် ၎င်းအနေဖြင့် ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် တာဝန် စတင် ထမ်းဆောင်ပြီးနောက် ပထမ ဦးဆုံး အကြိမ် တရုတ် နိုင်ငံ သို့ လာရောက်လည်ပတ်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် ၎င်းမှာ တရုတ်နိုင်ငံနှင့် ဗြိတိန် နိုင်ငံတို့ ၂ဝ၁၅ ခုနှစ်တွင် ရွှေရောင်ခေတ်သစ်ထူထောင်ခြင်းပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်အနေဖြင့် ပထမဆုံးအကြိမ်လာရောက်လည်ပတ်သည့် ခရီးစဉ်လည်းဖြစ်သည်။ ၂ဝ၁၇ ခုနှစ်တွင် တရုတ်နိုင်ငံနှင့်ဗြိတိန်နိုင်ငံတို့ကြားကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ၇၉ ဘီလီယံအထိရှိခဲ့သည်။ တရုတ်ကုမ္မဏီပေါင်း ၅ဝဝ ကျော်လည်းဗြိတိန်နိုင်ငံတွင်အခြေချကာရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လျက်ရှိသည်။(Xinhua)