Connect with us

Videos

ပထမ အကြိမ် တရုတ် အစားအစာ ပွဲတော် ရန်ကုန် မြို့တွင် ကျင်းပ

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ထိပ်တန်း စာဖိုမှူး များ လာရောက် ချက်ပြုတ်ပေးပြီး အစားအစာ သမိုင်းကြောင်းများ နှင့် ယဉ်ကျေးမှု ဆိုင်ရာ အကြောင်းအရာ များ ပါဝင် ပြသသွားမည့် ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ဖွင့်ပွဲ အခမ်းအနား ကို ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ Park Royal ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနားတွင် တရုတ်-အာဆီယံ စင်တာ ပညာရေး ၊ ယဉ်ကျေးမှု နှင့် ခရီးသွား လုပ်ငန်း ဌာန ဒုတိယ ဌာနမှူး မစ္စတာ ဆွန်းကျန့်ဟွာ ကတရုတ်-မြန်မာ အစားအစာ ပွဲတော် ကျင်းပခြင်း မှ ရရှိခဲ့သည့် အတွေ့အကြုံများ မှ တစ်ဆင့် အနာဂတ် တွင် တရုတ် နိုင်ငံ နှင့် အခြား နိုင်ငံ များအကြား အလားတူ ယဉ်ကျေးမှု ဖလှယ်ခြင်းများ ဆောင်ရွက်မှု ကို မြှင့်တင်သွား နိုင်ရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သံရုံး ယဉ်ကျေးမှု သံမှူး ထျန်ဆန့်ထင် က ယခု ကဲ့သို့ သော ပွဲတော် များ ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အား တရုတ်-မြန်မာ ယဉ်ကျေးမှု ဖလှယ်ခြင်း ၏ အခြေခံ သဘောသဘာဝ များကို သိရှိ နားလည်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ယခု ပွဲဖြစ်မြောက်ရေး အတွက် တရုတ်-မြန်မာ နှစ်နိုင်ငံ မှ အားပေးထောက်ခံခဲ့သည့် သက်ဆိုင်ရာ ဌာန အသီးသီး အား ကျေးဇူးတင်ရှိကြောင်း ပြောကြား ခဲ့သည်။

တရုတ် အစားအစာ ပွဲတော် ကျင်းပ ရသည့် ရည်ရွယ်ချက် သည် မြန်မာ နိုင်ငံ ရှိ ပြည်သူလူထုများ နှင့် မြန်မာ နိုင်ငံ သို့ရောက်ရှိနေသည့် နိုင်ငံအသီးသီး မှ လူထု တို့အား တရုတ် ရိုးရာအစားအစာ များနှင့် တရုတ် အစားအစာ သမိုင်းအစဉ်အလာ ယဉ်ကျေးမှု တို့ကို တင်ဆက်ပေးလို၍ ကျင်းပ ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် အစားအစာ ပွဲတော်ကျင်းပခြင်းဖြင့် နှစ်နိုင်ငံ ပြည်သူလူထု အကြား နားလည်မှု ကို တိုးမြှင့်ပေး နိုင်မည် ဖြစ်ပြီး နှစ်နိုင်ငံ ပြည်သူလူထု တို့ ထိတွေ့ဆက်ဆံစေမည့် ပွဲတော် တစ်ခု ဖြစ်ရန် ရည်ရွယ်၍ ကျင်းပ ရခြင်း ဖြစ်ကြောင်း သိရှိရသည်။

ပထမ အကြိမ် “Spring Line” တရုတ် အစားအစာ ပွဲတော် ကို တရုတ်-အာဆီယံ စင်တာ မှ ဦးဆောင် ကျင်းပ ပေးခဲ့ခြင်းဖြစ်ပြီး Beijing Min Zu ဟိုတယ် နှင့် Park Royal Hotel (Yangon) တို့ မှ ပူးတွဲ ကျင်းပ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ “Spring Line” တရုတ် အစားအစာ ပွဲတော် အား ဖေဖော်ဝါရီ ၂ ရက် မှ ၁၇ ရက်နေ့ အထိ Park Royal Hotel တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.