Videos
ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ အစိတ်အပိုင်း အဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ၏ ပထမဆုံး ရေအောက်ဥမင်ကြီးတည်ဆောက်နေ
စစ်တကောင်း၊ ဩဂုတ် ၄ ရက် (ဆင်ဟွာ)
စစ်တကောင်းမြို့သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်ပြီး ယင်းမြို့တွင် နိုင်ငံ၏ ပထမဆုံး ရေအောက် ဥမင်ကို တည်ဆောက်လျက်ရှိသည်။ စစ်တကောင်းမြို့ရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ အကြီးဆုံး မြစ်ကြီးဖြစ်သည့် ကန္နပူလီ မြစ်အောက်တွင် အရှည် ၃.၅ ကီလိုမီတာ ရှိသည့် ရေအောက်ဥမင်ကို တရုတ်နိုင်ငံပိုင် China Communications Construction Company, ltd (CCCC) က တည်ဆောက်နေခြင်းဖြစ်သည်။ ၎င်း ဥမင်တွင် လေးလမ်းသွား လမ်းမကြီးကိုဖောက်လုပ်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်ကိုက်ညီအောင် တည်ဆောက်နေခြင်းဖြစ်သည်။ ၎င်းစီမံကိန်းကို CCCC ကုမ္ပဏီ က တီထွင် ထုတ်လုပ်ထားသည့် ဧရာမ ဥမင်တူးစက်ကြီးကို အသုံးပြုကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ ထိုစက်ကြီးသည် အချင်း၁၂.၁၂ မီတာရှိပြီး အလေးချိန် တန် ၂၂၀၀ ကျော်ရှိသည်။ အဆိုပါ ရေအောက်ဥမင်ကို ၂၀၁၇ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ယခုနှစ် ဩဂုတ် ၂ ရက်က ဥမင်၏ ဘယ်ဘက်အခြမ်း တည်ဆောက်ပြီးစီးသွားခဲ့ခြင်းဖြစ်သည်။ ၎င်းစီမံကိန်းသည် ဘင်္ဂလားဒေ့ရှ်-တရုတ်-အိန္ဒိယ-မြန်မာ စီးပွားရေးစင်္ကြံ ၏ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး အဆိုပါ လေးနိုင်ငံအကြား စီးပွားရေးနှင့် ကူးလူးဆက်သွယ်ရေး တိုးမြှင့်နိုင်စေရန်အလွန်အရေးပါသော အဓိပ္ပါယ်ကို ဖော်ဆောင်သည့် စီမံကိန်းကြီးတစ်ခုလည်းဖြစ်သည်။ (Xinhua)