Connect with us

Videos

ဘယ်လ်ဂျီယံနိုင်ငံတွင် ကားဈေးကွက်တဖြေးဖြေးကြီးထွားလျက်ရှိ

ဘယ်လ်ဂျီယံ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အိမ်နီးချင်း ဥရောပ နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဘယ်လ်ဂျီယံ နိုင်ငံမော်တော်ကားထုတ်လုပ်ရေး ဈေးကွက်သည် တဖြေးဖြေးကြီးထွားလျက်ရှိသည်။ ၂ဝ၁၅ ခုနှစ်တွင် ကားအရောင်းအဝယ် သိသိသာသာတိုးတက်လာပြီး ၂ဝ၁၆ ခုနှစ်တွင် ကားဈေးကွက်မှာ ပိုမိုအောင်မြင်လာခဲ့သည်။ ပြီးခဲ့သည့် ဧပြီလအထိ ကားအရောင်းအဝယ်မှာ
၅၅၂၂စီး အထိ ရှိလာခဲ့ပြီး တစ်လထက် တစ်လပိုမိုတိုးတက်လာခဲ့သည်။ ၂ဝ၁၆ ပထမ ၄ လပတ်တွင်ပင် ကားအစီးရေပေါင်း ၅၄၇၈ စီးမှတ်ပုံတင်ခဲ့ကြကြောင်း ၂ဝ၁၅ ခုနှစ် ထိုအချိန်နှင့် နှိုင်းယှဉ်ပါက ၃.၅ ရာခိုင်နှုန်းပိုမိုတိုးတက်လာခဲ့ကြောင်း၊ ယခုနှစ်သည် ၂ဝ၁၁ နှစ်ကစတင်ကာ ကားဈေးကွက် အမြင့်ဆုံး ဖြစ်ကြောင်းသိရသည်။ဘယ်လ်ဂျီယံနိုင်ငံထုတ် grand north မော်တော်ကုမ္ပဏီ သည် Volkswagen နှင့် Puegeot တို့ နောက် ဈေးကွက်ရှယ်ယာပေါင်း ၉.၉၉ ရာခိုင်နုှန်းကို ပိုင်ဆိုင်ထားသည်။ ထို့အပြင် မော်တော်ဆိုင်ကယ်နှင့် စက်ဘီးအစီးရေပေါင်း ၉၄၉၆တို့လည်း ယခုနှစ် တစ်နှစ်ထဲတွင်မှတ်ပုံတင်ခဲ့ပြီးဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.