Videos
ဘရာဇီးနိုင်ငံ ရီယိုမြို့တွင် အိုလံပစ်စက်ဘီးပြိုင်လမ်းပြိုကျ
ရီယိုဒီဂျနေးရိုး၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုး မြို့တွင် အိုလံပစ်ပြိုင်ပွဲအတွက် မကြာသေးမီက တည်ဆောက်ထားသော စက်ဘီလမ်းသစ် သည် ဧပြီ ၂၁ရက် နေ့က ပြိုကျခဲ့ပြီး အနည်းဆုံး လူ၂ ဦးသေဆုံးခဲ့ကြောင်းသိရသည်။
တံတားလုပ်ငန်းပိုင်းကျွမ်းကျင်သူ (လှိုင်းပုတ်တဲ့အားပြင်းတာကြောင့် ကျိုးကျ ပျက်စီးတာဖြစ်နိုင်ပါတယ်။
အစိုးရ တာဝန်ရှိသူများ၏ အဆိုအရ အင်အားပြင်းတဲ့ လှိုင်းများက ကျောက်ကမ်းပါးကို လာပုတ်တာကြောင့် စက်ဘီးသွားလမ်းရဲ့ မီတာ ၅ဝ လောက် ကို ပင့်တင်လိုက်သလိုဖြစ်ပြီး ပြိုကျခဲ့ကြောင်းဆိုသည်။
တံတားလုပ်ငန်းပိုင်းကျွမ်းကျင်သူ (ကျွန်တော်ထင်တာတော့ စတင်ဆောက်လုပ်ဖို့ပြင်ဆင်တဲ့နေရာမှာ ချို့ယွင်းချက်ရှိတာဖြစ်မယ်။ ဒါပေမယ့် တွက်ချက်မှုအပိုင်း၊ ဒီဇိုင်းပိုင်းတွေကိုလည်း ကျွမ်းကျင်သူတွေနဲ့ အခြားစစ်ဆေးမှုတွေထပ်မံလုပ်ဖို့တွေလည်းရှိပါတယ်။
နေမာယာ လမ်းဘေးမှာ ကပ်ပြီးဆောက်ထားတဲ့ အဲဒီစက်ဘီးလမ်း ဟာ ၃.၉ ကီလိုမီတာ ရှည်လျားပြီး အမေရိကန်ဒေါ်လာ ၁၂.၆ သန်းအကုန်အကျခံကာဆောက်လုပ်ခဲ့ကြောင်းသိရသည်။ (Xinhua)