Videos
ဘေရွတ်မြို့ ပေါက်ကွဲမှု နောက်ဆက်တွဲအဖြစ် လက်ဘနွန်နိုင်ငံ အစိုးရအား ပြည်သူများဆန္ဒပြ
ဘေရွတ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ကြီးနှစ်ခု ၏ အကြောင်းအရင်းကို အစိုးရက တိကျသော စုံစမ်းစစ်ဆေးမှုရလဒ်များ ထုတ်ဖော်ခြင်း မပြုသေးသည့်အပေါ် ပြည်သူများက မကျေမနပ်ဖြစ်ကာဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်သည်။ဘေရွတ်မြို့တွင် ဖြစ်ပွားသည့် အစိုးရဆန့်ကျင်ရေးအဓိကရုန်း ဆန္ဒပြမှုများအတွင်း ဩဂုတ် ၈ ရက်က ရဲအရာရှိတစ်ဦးသေဆုံးပြီး ပြည်သူထောင်ပေါင်းများစွာ ထိခိုက်ဒါဏ်ရာရရှိခဲ့ကြသည်။ဩဂုတ် ၄ရက်က ဘေရွတ်မြို့တွင်ဖြစ်ပွားသည့် ပေါက်ကွဲမှုကြီး နှစ်ခုအတွင်း လူပေါင်း ၁၅၈ဦးသေဆုံးခဲ့ပြီး လူ ၆,၀၀၀ ခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ သည်။
ပေါက်ကွဲမှုများဖြစ်ပွားပြီးနောက် ဆန္ဒပြသူများက လက်ဘနွန်နိုင်ငံတွင် နိုင်ငံရေးစနစ် ပြန်လည်ပြင်ဆင်ရန် တောင်းဆိုမှုများပြုလုပ်ခဲ့ကြသည်။ ၎င်းတို့သည် ဆန္ဒပြပွဲကိုထိန်းချုပ်ရန်ကြိုးပမ်းသည့် ရဲတပ်ဖွဲ့ဝင်များအား ထိုးဖောက်ကာ လွှတ်တော်အဆောက်အဦဆီသို့ ဦးတည် ဝင်ရောက်ရန်ကြိုးပမ်းခဲ့ကြသည်။
၎င်းတို့သည် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးဝန်ကြီးဌာန ရုံးအဆောက်အဦများအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ဘေရွတ်မြို့ဆိပ်ကမ်း ရှိ ကုန်လှောင်ရုံများတွင် ၂၀၁၄ ခုနှစ်ကတည်းက သိုလှောင်ထားသည့် အမိုနီယမ်နိုက်ထရိတ် များ လောင်ကျွမ်းရာမှ ပြင်းထန်သည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကနဦး သတင်းများထွက်ပေါ်ခဲ့သည်။ (Xinhua)