Connect with us

Videos

မန်ဟက်တန်ရှိ အထပ်မြင့်အဆောက်အဦပေါ်သို့ ရဟတ်ယာဉ်တစ်စီး ပျက်ကျ

နယူးယောက်၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

ရဟတ်ယာဉ်တစ်စီး ဇွန် ၁၀ ရက် ညနေပိုင်းက အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟက်တန် မြို့လယ်ခေါင်ရှိ အထပ်မြင့်အဆောက်အဦပေါ်သို့ ပျက်ကျခဲ့ရာ လေယာဉ်မှူးဖြစ်သူသေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားချိန်မှာ ဒေသစံတော်ချိန် ညနေ ၁ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပြီး နယူးယောက်တွင် မိုးများရွာသွန်းကာ မြူမှိုင်းများထူပိတ်နေကြောင်း ၊ ရဟတ်ယာဉ်မှာ မန်ဟက်တန် အမှတ် ၇ လမ်းမရှိ အထပ်မြင့်အဆောက်အဦပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ သို့သော်လည်း မီးအခြေအနေကို အမြန်ဆုံး ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါအဆောက်အဦသည် အထပ် ၅၀ ကျော်မြင့်သည့် ရုံးအဆောက်အဦ တစ်ခု ဖြစ်ကြောင်း၊ အချင်းဖြစ်ပွားပြီးနောက် အဆောက်အဦအတွင်းရှိ လူများကို ရှင်းလင်းခဲ့ပြီး အနီးဝန်းကျင်ရှိ လမ်းများကို ပိတ်ဆို့ခဲ့ရကြောင်း သိရသည်။

နယူးယောက်ရဲဘက်ဆိုင်ရာက ကနဦးစစ်ဆေးချက်များအရ အရေးပေါ်ဆင်းသက်ချိန်တွင် မတော်တဆဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ ရဟတ်ယာဉ်တွင် လေယာဉ်မှူးမှအပ အခြားလိုက်ပါစီးနှင်းသူမရှိကြောင်းနှင့် လေယာဉ်မှူးဖြစ်သူ သေဆုံးခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ရပ်မှာ အကြမ်းဖက်လှုပ်ရှားမှုနှင့်ဆက်စပ်မှုရှိသည့် သက်သေအထောက်အထားများ မတွေ့ရှိရကြောင်း ၊ လက်ရှိတွင် လုံခြုံရေးအန္တရာယ်မရှိကြောင်း နယူးယောက်မြို့တော်ဝန်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

လေကြောင်းသယ်ယူပို့ဆောင်ရေးနှင့်လုံခြုံရေးအဖွဲ့(NTSB)က အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန် အမျိုးသားလေကြောင်းစီမံခန့်ခွဲရေးဌာနက ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.