Videos
မဟာတံတိုင်းအောက်ခြေ ရေမျက်နှာပြင်မြင့်တက်
ဟေပေ၊ မေ ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံရှိ မဟာတံတိုင်းသည် ကမ္ဘာ့အံ့ဖွယ်များထဲ က တစ်ခု ဖြစ်ပြီး လူသိများထင်ရှားသည်။ သို့သော် လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ ခန့်က တည်းက ရေအောက်နစ်မြုပ်သွားသည့် ခံတပ်အစိတ်အပိုင်းတစ်ခု ရှိကြောင်း သိသူနည်းပါးလှသည်။
မကြာသေးမီကလည်း ဟေပေပြည်နယ် ဖန်ကျားကိုးရေလှောင်တမံအတွင်း အောက်ခြေရေအောက်မှ မဟာတံတိုင်းအစိတ်အပိုင်းက ရေမျက်နှာပေါ်ပြန်လည်ထွက်ပေါ်လာခဲ့သည်။ ဖန်းကျားကိုးရေ လှောင်တမံ ကို အနည်းဆုံးနှစ်ပေါင်း ၄ဝဝ ကျော် တရုတ် မင်မင်းဆက်လက်ထက်ကတည်းက တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။ (Xinhua)