Connect with us

Videos

အလိုအလျောက်ပါကင်ထိုးပေးနိုင်မည့်စက်ကိရိယာတီထွင်

ရှန်ဇန်း၊ မေ ၂၇ ရက် (ဆင်ဟွာ)
ကားပါကင်နေရာရှာဖွေရန်ခက်ခဲသည့် ယနေ့ခေတ်တွင် မိမိကားအား နေရာလွတ်တွင် အလိုအလျောက် ပါကင်ထိုး သိမ်းဆည်းပေးနိုင်မည့် ကိရိယာကို တရုတ်နိုင်ငံ က တီထွင်လိုက်ပြီဖြစ်သည်။ အဆိုပါ နည်းပညာကို တရုတ်နိုင်ငံ တောင်ပိုင်းမြို့တော် ရှန်ဇန်း အခြေစိုက် ရီဖန်း နည်းပညာကုမ္ပဏီက တီထွင်ထုတ်လုပ်ခြင်း ဖြစ်သည်။ ယာဉ်မောင်းသူမှာ မိမိ၏ ကားကို သယ်ဆောင်ပေးမည့် ကိရိယာပေါ်သို့တင် ပြီး အလိုအလျောက် ပါကင်ထိုးနိုင်သည့် access ကတ်ကို ဆွဲကာ ကားကို lock ချခဲ့ရုံသာဖြစ်သည်။ အဆိုပါ ကိရိယာက ကားအား ပါကင်ထိုးနိုင်သည့်နေရာလွတ်ရှိသည့်အထပ်သို့ပို့ဆောင်မောင်းနှင်သွားမည်ဖြစ်သည်။အကယ်၍ ယာဉ်မောင်း က မိမိကားအားပြန်လည်အသုံးပြုလိုပါက ကွန်ပျူတာစနစ်ဖြင့် မိမိကားကို ပြန်လည်ထုတ်ယူပေးမည်ဖြစ်ပြီး အချိန် ၂ မိနစ်ခန့်သာစောင့်စားရမည် ။ ထိုကိရိယာကို စမ်းသပ်သုံးစွဲရာအောင်မြင်ခဲ့သောကြောင့် ယခုနှစ်အောက်တိုဘာလတွင် စတင်သုံးစွဲတော့မည်ဖြစ်သည် (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.