Videos
မဟာသြင်္ကန် ငါးရက်တာကာလအတွင်း မြန်မာတစ်နိုင်ငံလုံး ၃၅ ဦး သေဆုံး
ရန်ကုန်၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ)
မြန်မာ တစ်နိုင်ငံလုံး၌ သြင်္ကန်ငါးရက်တာကာလအတွင်း အမှုပေါင်း ၂၄၁ မှု ဖြစ်ပွားပြီး လူ ၃၅ ဦး သေဆုံးကာ ဒဏ်ရာရရှိသူ ၃၁၆ ဦး ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါ အမှုများတွင် အများဆုံး ခါးပိုက်နှိုက်မှု ဖြစ်ပွားကာ ဒုတိယ အများဆုံးအဖြစ် နာကျင်စေမှု နှင့် တတိယ အများဆုံး ယာဉ်တိုက်မှုများ ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ် အတာသြင်္ကန်သည် ယခင်နှစ် သြင်္ကန်များထက် မှုခင်းဖြစ်ပွားမှု လျှော့ချနိုင်ခဲ့ပြီး အများပြည်သူ ရေကစားရာတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ခဲ့ကြောင်း သြင်္ကန်တွင်း တာဝန်ကျ ရဲမှူး တစ်ဦးက ဆိုသည်။ (Xinhua)