Connect with us

Videos

မိမိ၏ကိုယ်ပိုင်ငွေကြေးဖြင့် မိန်းကလေးကျောင်းတစ်ကျောင်းတည်ဆောက်လှူဒါန်းသည့် အာဖဂန်အမျိုးသမီး

ကဘူးလ်၊ မတ် ၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်း Jawzjan ပြည်နယ်တွင် အာဖဂန်အမျိုးသမီးတစ်ဦး သည် မိန်းကလေးများအတွက် ကျောင်းတစ်ကျောင်းကို လှူဒါန်းတည်ဆောက်ပေးခဲ့ ရာ အာဖဂန်နစ္စတန်နိုင်ငံ ၏ ပညာရေး ဖွံ့ဖြိုးတိုးတက် စေမည့် ခြေလှမ်းသစ်တစ်ခု အဖြစ် အာဖဂန်လူမျိုးတို့က ကြိုဆိုခဲ့ကြကြောင်းသိရသည်။

Jawzjan ပြည်နယ်တွင်တည်ရှိပြီး ဝေးလံခေါင်ဖျားခရိုင်တစ်ခုဖြစ်သည့် Aqcha တွင် မိန်းကလေးများ တက်ရောက်ရန် ကျောင်း ရှားပါးမှုပြဿနာကို ကျယ်ပြန့်စွာဖြေရှင်းသည့်အနေဖြင့် Hajji Bibi Nazira က အမေရိကန် ဒေါ်လာ ၆၅,၀၀၀ အကုန်အကျခံကာ အကျယ်အဝန်း ၆၅၀ စတုရန်းမီတာရှိသည့် စာသင်ခန်း ၁၂ ခန်းပါဝင်သော ကျောင်းတစ်ကျောင်းအား ဆောက်လုပ်ခဲ့သည်။

သူ(မ) သည် အာဖဂန်နစ္စတန်နိုင်ငံအတွင်း ပြီးခဲ့သည့်နှစ် ဩဂုတ်လလယ်၌ တာလီဘန်တို့ အာဏာလွှဲပြောင်း ရယူပြီး နောက် မိမိ၏ကိုယ်ပိုင်ငွေကြေးဖြင့် မိန်းကလေးကျောင်းတစ်ကျောင်းကို ဆောက်လုပ်ပေးသည့် ပထမဆုံးအမျိုးသမီးတစ်ဦးဖြစ်လာခဲ့သည်။

တဲအိမ်များ၌ ပညာသင်ယူခဲ့ကြသည့် ဒေသတွင်းရှိ ကျောင်းသူများကို ယခုအခါအမိုးအကာအောက်၌ ပညာလေ့လာသင်ကြားနိုင်မည့်နေရာရရှိပြီဖြစ်ကြောင်း ဒေသခံ အရာရှိများက ပြောကြားခဲ့သည်။
ပညာရေးဌာန ၏ ပြည်နယ် ညွှန်ကြားရေးမှူး MOHAMMAD TAHIR JAWAD က
“ပညာသင်ယူနိုင်ရေးဟာ အမျိုးသားပဲ ဖြစ်ဖြစ် အမျိုးသမီးပဲဖြစ်ဖြစ် သူတို့ရဲ့ဘဝမှာ အလွန်အရေးကြီးပါတယ် တကယ်လို့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဟာ ပညာတတ်မြောက်လာမယ်ဆိုရင် သူတို့ဟာ လူ့အသိုက်အဝန်းကို ပိုမိုသာလွန်ကောင်းမွန်ပြီး ပညာတတ်မြောက်တဲ့မျိုးဆက်တွေ ကို လက်ဆင့် ကမ်းသွားနိုင်မှာပါ၊ အစ္စလာမ်ဘာသာကိုးကွယ်တဲ့ နိုင်ငံအနေနဲ့လည်းအမျိုးသမီးတွေ ပညာသင်ကြားဖို့ကိုအားပေးပြီး အစိုးရရဲ့ အထောက်အပံ့နဲ့ ကျောင်းအသစ်ကိုတည်ဆောက်ပြီး ပညာရေးကို မြှင့်တင်ဖို့လုပ်ဆောင်လာပါတယ် “
ပြည်နယ်ပညာရေး အာဏာပိုင် များက အဆိုပါကျောင်းအား Hajji Bibi Nazira အမျိုးသမီးကျောင်း ဟု အမည်ပေးထားခဲ့ပြီး ယခုကဲ့သို့ ထပ်မံ လှူဒါန်း မည့် အာဖဂန်နိုင်ငံသားများအား ဖိတ်ခေါ်ထား ကြောင်းသိရသည်။
ဒေသခံတစ်ဦးဖြစ်သူ NAMATULLAH
“ အာဖဂန်နစ္စတန်ရဲ့လူဦးရေ ထက်ဝက်လောက်က အမျိုးသမီးတွေနဲ့ မိန်းကလေးတွေဖြစ်ကြပြီးတော့ သူတို့ကို ပညာသင်ကြားစေဖို့ လမ်းဖောက်ပေးလိုက်တာဟာ ကျွန်တော်တို့ရဲ့ လူ့အသိုင်းအဝိုင်းအတွက် အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုဖြစ်တယ်ဆိုတာအသေအချာပါပဲ” ဟုဆိုသည်။
စစ်ဒဏ်သင့် နိုင်ငံ၏ လူဦးရေ ၃၅ သန်းခန့်တွင် ပညာတတ်မြောက်သူဦးရေနှင့် ပညာမတတ်မြောက်သူ ဦးရေကိုတိကျစွာစာရင်းကောက်ယူထားခြင်းမရှိသော်လည်း အာဖဂန်နစ္စတန်နိုင်ငံ၏ လူအများစု အထူးသဖြင့် အမျိုးသမီးများသည် ပညာတတ်မြောက်မှုမရှိကြောင်းသိရသည်။
Abdullah Safi ဟုအမည်ရသည့် ပြည်တွင်းစီးပွားရေးသမားတစ်ဦးကလည်း Nazira ၏ ဇွဲလုံ့လနှင့်အားထုတ်မှုအား လေးစားသည့်အနေဖြင့် Aqcha ဒေသတွင် ကျောင်းသားများပိုမို လက်ခံနိုင်စေရန် နောက်ထပ်ကျောင်းတစ်ကျောင်းဆောက်လုပ်ရန်အတွက် အမေရိကန်ဒေါ်လာ ၂၅၀,၀၀၀ ကို လှူဒါန်းခဲ့သည်။
မတ်လကုန်တွင်ပြန်လည်ဖွင့်လှစ်မည့် စာသင်နှစ်အစတွင် ပညာရေးအား အထောက်အပံ့ပြုလုပ်ရန် ရင်းနှီးမြှုပ်နှံမှုများနှင့် လှူဒါန်းမှုများ ပြုလုပ်ခြင်းအားဖြင့် ပြည်သူအများစုအနေဖြင့် ၎င်းတို့၏ သားသမီးများကို ကျောင်းများသို့ပိုမိုစေလွှတ်စေရန် အားပေးရာရောက်ကြောင်း Habibzai က ဆိုသည်။
ဆင်ဟွာသတင်းဌာနမှ သတင်းထောက်များသည် ကဘူးလ် မြို့မှ သတင်းပေးပို့ခဲ့ခြင်းဖြစ်သည်။ (Xinhua)
#Afghan#woman #girlschool#HajjiBibiNazira #far_flungdistrict #Taliban #xinhua#xinhuamyanmar#အာဖဂန်#အမျိုးသမီး#လှူဒါန်း #မိန်းကလေးကျောင်း #တာလီဘန် #ဆင်ဟွာ #ဆင်ဟွာမြန်မာ
……………..
(English Version)
Afghan woman builds girls’ school in far-flung district

An Afghan woman has helped in constructing a school for girls in the country’s northern Jawzjan province, which has been welcomed by Afghans as an initiative towards developing education in the country.

In Aqcha, a far-flung district of the Jawzjan province, Hajji Bibi Nazira has built a 12-classroom school on 650 square meters of land at a cost of 65,000 U.S. dollars, largely solving the school shortage for girls in the district.

She has become the first woman who built a girls’ school from her own wealth since the Taliban took over the power of Afghanistan in mid-August last year.

Local officials said local female students, who used to attend classes under tents, now have finally found a place to study with rooftops.

MOHAMMAD TAHIR JAWAD, Provincial director of Education Department
“Getting education is vital for everyone in his or her life, and if women and girls get education, they could present better and educated generation to society. The Islamic Emirate encourages education for girls, and the new school has been built with the support of the government to promote education.”

Provincial education authorities have named the school Hajji Bibi Nazira Girl School, calling upon more capable Afghans to follow suit.

NAMATULLAH, Local resident
“Half of Afghanistan’s population are women and girls, and paving the ground for them to get education definitely would have positive impact on our society.”

Although there are no official statistics on the number of literate and illiterate people among the war-torn country’s some 35 million population, it is reported that the majority of Afghans, particularly the women, are illiterate.

Local businessman Abdullah Safi, inspired by Nazira’s benevolence, has donated 250,000 U.S. dollars for building another school in Aqcha to accommodate more students.

Ahead of the new school year beginning in late March, Habibzai said investment and donations to support education would encourage more people to send their children to schools.

Xinhua News Agency correspondents reporting from Kabul.
(XHTV)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.