Videos
မိုးပျံ အဝေးပြေးလမ်းပေါ်ရှိ တရုတ်နိုင်ငံ ၏ အရှည်ဆုံး သံမဏိသံဘောင်တပ် ကုန်းကျော်တံတား
ကျဲ့ကျန်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန် နှင့် ရုပ်သံတည်းဖြတ်/စုဝင့်
တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် Taizhou မြို့တွင် Luzetai မိုးပျံ အဝေးပြေးလမ်းအား ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါမိုးပျံအဝေးပြေးလမ်းစီမံကိန်းသည် အရှည် ၂၁ ကီလိုမီတာရှိပြီး မော်တော်ယာဉ်များ တစ်နာရီလျှင် ၁၀၀ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နိုင်ရန်ဒီဇိုင်းဆွဲထားသည်။ ယင်းအဝေးပြေးလမ်းစီမံကိန်းတွင် သံမဏိ သံဘောင်တပ်ကုန်းကျော်တံတားတစ်စင်းလည်းပါဝင်ပြီး အရှည် ၁၇.၅ ကီလိုမီတာ ခန့်ရှိသည်။
ထို ကုန်းကျော်တံတားသည် တရုတ်နိုင်ငံတွင် အရှည်ဆုံး သံမဏိသံဘောင်တပ် ကုန်းကျော်တံတားတစ်စင်း ဖြစ်ကြောင်း သိရသည်။
ကုန်းကျော်တံတားကို သံမဏိပြား ၄,၅၃၄ဖြင့် တည်ဆောက်ထားပြီး စုစုပေါင်း သံမဏိတန်ချိန် ၁၃၀,၀၀၀ ခန့် အသုံးပြုထားသည်။
စီမံကိန်းတစ်ခုလုံး ကုန်ကျငွေ ယွမ် ၆၅ ဘီလီယံ ရှိပြီး စုစုပေါင်း တည်ဆောက်ချိန် ၃၆ လ အချိန်ယူခဲ့ရသည်။ အဆိုပါ မိုးပျံ အဝေးပြေးလမ်း စီမံကိန်းဖြင့် Taizhouမြို့လယ်မှ Wenling မြို့သို့ ယခင်က ၁ နာရီကြာ အချိန်ယူခဲ့ရာမှ ယခုအခါ ၁၅ မိနစ်အတွင်းသွားလာနိုင်သောကြောင့် ခရီးသွားလာမှု ကြာမြင့်ချိန်ကို များစွာ လျှော့ချပေးနိုင်ခဲ့သည်။ (Xinhua)