Connect with us

Videos

တရုတ်-လာအို နယ်စပ်ဖြတ်ကျော်ရထားလမ်း ဥမင်ဖောက်လုပ်ပြီးစီး

ကူမင်း၊ ဇန်နဝါရီ ၄ ရက် (ဆင်ဟွာ) ဘာသာပြန်နှင့် ရုပ်သံတည်းဖြတ်/စုဝင့်

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံအား ချိတ်ဆက်ဖောက်လုပ်ထားသည့် ရထားလမ်း ဥမင် တစ်ခုအား ပြီးခဲ့သည့် စနေနေ့တွင်ဖောက်လုပ်ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ ရထားလမ်း အမှတ် ၁၅ ဗျူရိုအဖွဲ့ ကုမ္ပဏီ က အတည်ပြုပြောကြားသည်။

ထိုဥမင်အား Mengla ဟု အမည်ပေးထားပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းယူနန်ပြည်နယ် စစ်ဆောင်းပန္နား (တိုင်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုရှိ Mengla ကောင်တီတွင် တည်ရှိကာ ဥမင်အရှည်မှာ ၁၃,၀၀၀ မီတာ ရှိကြောင်း သိရသည်။

မြေပြင်ချောမွေ့မှုမရှိသည့်အခက်အခဲများကြားမှပင် ဥမင်တည်ဆောက်ရေးလုပ်ငန်းမှာ ချောမွေ့စွာပြီးဆုံးခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် ၁,၀၀၀ ကီလိုမီတာကျော်ရှည်လျားပြီး တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့သို့ချိတ်ဆက်ထားသည်။ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် ထို ရထားလမ်းအားဖွင့်လှစ်ရန်လျာထားပြီး ရထားလမ်းပြီးစီးပါက ကူမင်း- ဗီယန်ကျင်း အား နေ့ဝက်ဖြင့် သွားလာနိုင်မည်ဟုသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.